Chapter 4

733 109 27
                                    

ရှေ့တွင်ချထားသော အစားအစာများကို အားရပါးရစားသောက်ခြင်းမရှိပါဘဲ မုန့်ပန်းကန်ထဲဇွန်းဖြင့်သာ ထိုးမွှေနေသည့် Minho ကြောင့် Bang Chan နှင့် Changbin တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

Bang Chan က Changbin ကိုတံတောင်ဖြင့်တွတ်ကာ "မင်းအရင်စမေး" ဆိုသည့်သဘောနှင့် မျက်စပစ်နေ၏။ Changbin သည်လည်း "မင်းမေးပါလား" ဟု လေသံလေးနှင့် ပြန်ခံစစ်ဆင်နေသည်။

"Minho...Lee Minho"

နောက်ဆုံးတွင်တော့ Changbin သည်သာ သက်မတစ်ချက်ချ၍ သူ့နာမည်ကိုစခေါ်လိုက်သည်။

"မင်းဘာဖြစ်နေတာလဲ။ တစ်မနက်လုံးပြုံးရွှင်နေတာကို အခုကျမှ မှိုင်တွေနေရော။ ငါတို့ဘာလုပ်မိလို့လဲ။"

Changbin နာမည်ခေါ်ရုံရှိသေးချိန် Bang Chan မှထိုစကားများကို တစ်ဖြောင့်တည်းမေးလိုက်သောကြောင့် အစတည်းက မမေးဘဲ တွန့်ဆုတ်နေသည့်သူအား နှာခေါင်းသာရှုံ့ပြမိတော့သည်။

"ဘာမှမဖြစ်ပါဘူး။"

"ငါတို့ကိုစိတ်ဆိုးနေတာလား။"

"မင်းတို့ကိုစိတ်ဆိုးရအောင် မင်းတို့က ဘာလုပ်ထားလို့လဲ။ စားစရာရှိတာသာစားစမ်းပါ။"

အခြားသူများကိုသာ စားစရာရှိတာစားစမ်းပါဟု ပြောနေသော်လည်း သူကိုယ်တိုင်ကမူ စားသောက်စရာများကို သူ့ရှေ့တွင်ရှိနေသည်ဟုပင် သတ်မှတ်ပုံမရ။

Bang Chan ကသူ့အမေထည့်ပေးလိုက်သော အသားညှပ်ပေါင်မုန့်များကို ပေးတော့လည်း ခေါင်းသာခါပြသည်။

သို့သော် သူတို့ဘေးနားမှ လူတစ်ယောက်ရုတ်တရက်ဖြတ်လျှောက်သွားချိန်တွင်တော့ မျက်နှာထားမှာ ဆန့်ကျင်ဘက်အနေအထားသို့ပြောင်းလဲသွားကာ နာမည်တစ်ခုကို ပြုံးပြုံးရွှင်ရွှင်ထခေါ်တော့သည်။ Bang Chan နှင့် Changbin မှာလည်း သူ့အပြုအမူကြောင့် စားလက်စ ပေါင်မုန့်များပင် သီးမတတ်။

"Jisung"

ထိုင်နေရာမှထကာ အသံကျယ်ကျယ်နှင့် ထအော်တော့ ကောင်ကလေးက အူကြောင်ကြောင်နှင့် လှည့်ကြည့်လာသည်။

"လာ ဒီမှာလာထိုင်။"

ရွှင်ပျသော အမူအရာနှင့် လက်ယက်ကာခေါ်နေသော်လည်း Jisung မှာ တွန့်ဆုတ်နေသေးသည်။ "မြန်မြန်လာလေ" ဟု ထပ်၍ခေါ်လိုက်တော့မှ မုန့်ဗန်းကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ကာ ခပ်ဖြေးဖြေးလျှောက်လာလေ၏။

Clarity || Minsung FF||Where stories live. Discover now