Chapter 2

739 114 25
                                    

"ဆရာမရေ...ဒီမှာ အတန်းထဲကစာအုပ်တွေအားလုံးပဲ။ Chan ကျောင်းမလာလို့ ကျွန်တော်စုပြီးလာပို့တာ။"

ဆရာနားနေဆောင်ခန်းထဲသို့ အသံကျယ်ကျယ်နှင့် အော်ကာဝင်သွားတော့ ဆရာများအားလုံးက တစ်ချက်သာလှည့်ကြည့်ပြီး အမှုမထားဟန် လုပ်လက်စများကိုဆက်လုပ်ကြသည်။ ဆရာမ Kim ၏ တပည့်ကျော် Lee Minho ၏အကျင့်သည်သာမို့ ဘယ်ဆရာမှလည်း တိုးတိုးသက်သာနေရန် နားချမနေတော့ချေ။

"အင်း...Minho။ ကျေးဇူးပဲ။ ဒီစာအုပ်တွေလည်း ပြန်ယူသွားပြီး အတန်းထဲမှာဝေပေးလိုက်ပါဦး။"

ဆရာမညွှန်ပြသော စာအုပ်ထပ်ကြီးကို တစ်ချက်ကြည့်ကာ Minho သက်ပြင်းချမိသည်။ ဒုတိယအတန်းခေါင်းဆောင်ဖြစ်ရခြင်းက တစ်စက်ကလေးမှမကောင်း။ Bang Chan ကျောင်းမလာသည့်ရက်များတွင် ဤကဲ့သို့ စာအုပ်ပုံကြီးနှင့် လက်မောင်းလေ့ကျင့်ခန်းလုပ်ရရုံမှလွဲ၍ ဘာအကျိုးကျေးဇူးမှမရ။

"Lee Minho ခဏလာပါဦး။"

လေးလေးပင်ပင်နှင့်ပင် စာအုပ်များကိုပြန်သယ်ကာ အခန်းထဲမှထွက်သွားမည်အပြု ဆရာတစ်ယောက်က သူ့နာမည်ကိုခေါ်လိုက်သည်ကြောင့် သက်မနောက်တစ်ကြိမ်ပင့်ရှိုက်ကာ ဟန်လုပ်ပြုံးလိုက်ပြီး ထိုဆရာဆီသို့ပြန်လှည့်လာရသည်။

"ဟုတ်ကဲ့ ပြောပါ ဆရာ။"

"ဆရာ့ကိုတစ်ခုလောက်ကူညီ။ ဒီကျောင်းသားကို အထက်တန်းဒုတိယနှစ် အခန်း B ကိုခေါ်သွားပေးလို့ရမလား။"

"ဗျာ။"

အထက်တန်းဒုတိယနှစ် အခန်း B ဆိုသည်မှာ ကျောင်းဆောင်၏ တတိယထပ် ညာဘက်​ တွင်ရှိနေသော အခန်း။ ယခုသူရှိနေသော ဆရာနားနေဆောင်မှာ ပထမထပ်တွင်တည်ရှိနေပြီး Minho ၏အတန်းမှာ ဒုတိယထပ် ဘယ်ဘက်တွင်တည်ရှိလေ၏။ ဤသို့ဆိုလျှင် သူဒီစာအုပ်များကိုသယ်မကာ ပထမထပ်မှတစ်ဆင့် တတိယထပ်သို့သွားပြီးမှ အတန်းသို့ပြန်ရမည်။

စာအုပ်များကိုသယ်၍မသွားချင်လျှင် ဒုတိယထပ်သို့ တစ်ခါဝင်၊ စာအုပ်များကိုချပြီးကာမှ တတိယထပ်သို့သွားကာ အတန်းသို့ပြန်လာရမည်။ ထို့ကြောင့် Minho 'ဗျာ ' ဟုသာ အာမေဋိတ်ပြုလိုက်မိတော့၏။

Clarity || Minsung FF||Where stories live. Discover now