Chapter 14

579 97 18
                                    

တစ်ခါတစ်ရံမှာ နှလုံးသားဟာ မည်သို့ခံစားချက်ကို ခံစားရမှန်းမသိလောက်အောင် ထုံထိုင်းသွားသည်အထိ အံ့အားသင့်ရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရတတ်သည်။

Minho နေထိုင်လာသည့်တစ်လျှောက် ဤမျှ အံ့အားသင့်ရသည့် ကိစ္စမျိုးကိုမကြုံတွေ့ခဲ့ဖူး။ အံ့သြမှု၏နောက်တွင် မယုံကြည်နိုင်ခြင်းက ဆက်၍ပါလာသည်။ ထို့ကြောင့် အတည်ပြုနိုင်ဖို့ရာ ကြိုးစားရတော့၏။

အရုပ်ကြိုးပြတ်ဖြစ်နေသော ကောင်ငယ်လေးအား မိမိအိမ်သို့ခေါ်သွားမည်ဆိုသော အကြံအစည်အား လက်လျှော့လိုက်ကာ သူ့အိမ်ကိုလိုက်ပို့ပေးရန်သာ ချော့မော့ခေါ်ရသည်။ မိခင်ဖြစ်သူ၏ ဘေးမှ ခွာချင်သေးပုံမပေါ်သော Jisung က သူ့စကားကိုတော့ မလွန်ဆန်။ ​

ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သော်လည်း အားအင်ရှိနေပုံမတူသောကြောင့် Jisung ၏ လက်ကို ဆုပ်ကိုင်ပေးလိုက်သည်။ စိုစွတ်နေသော မျက်ဝန်းကလေးများနှင့် သူ့အားမော့ကြည့်လာချိန် နှလုံးသားဟာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့။

တစ်ချိန်လုံးနားလည်ရခက်ခဲခဲ့သော ကောင်ငယ်လေး၏ အပြုအမူများ၊ နာကျင်မှုအရိပ်အယောင်တွေကြီးစိုး​နေခဲ့သော မျက်ဝန်းများ၊ ထိုအရာများကို သူနားလည်နိုင်တော့မည်ထင်သည်။

"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မမေးတော့ဘူးလား။"

သည်လိုနေ့မျိုးတွင် လွန်ခဲ့သော ဆယ့်တစ်နှစ်က ဖြစ်ရပ်ကို သူ့အားအစအဆုံးပြန်ပြောပြနိုင်ဖို့ရာ ကောင်ငယ်လေးမှာ အားအင်ရှိပါလိမ့်မလား။

စိတ်ရှုပ်ထွေးမှုများကို အတတ်နိုင်ဆုံးဖုံးဖိထားလိုက်ကာ ပြုံးပြ၍ လက်ကလေးအား ပိုလို့ပင် တင်းနေအောင်ဆုပ်ကိုင်ထားလိုက်၏။

"ပင်ပန်းနေတယ်မဟုတ်လား။ ကိုယ့်ပုခုံးပေါ်မှာမှီထား။ အိမ်ပြန်ကြရအောင်။"

ပုခုံးတစ်ဖက်အား လက်ဖြင့်ပုတ်ပြလိုက်ကာ ပြောလိုက်တော့ ကောင်ငယ်လေးက မငြင်းဆို။ သူ၏ပုခုံးပေါ်သို့ ခေါင်းကလေးတင်ကာ နားသည်။

တစ်သက်လုံးဟန်ဆောင်ခြင်းများနှင့် နေထိုင်ခဲ့ရသည်မို့ ချစ်ရသူ စိတ်မပင်ပန်းစေဖို့ရာ ခေတ္တမျှ သရုပ်ဆောင်ထားခြင်းဟာလည်း Minho အတွက် မခက်ခဲလှ။ ကောင်ငယ်လေး သူ၏မျက်နှာကို ကြည့်လာတိုင်း အပြုံးနုနုတစ်ခုကို ဆင်မြန်းပေးရခြင်းက သူအကျွမ်းကျင်ဆုံးအလုပ်တစ်ခုဖြစ်လောက်သည်။

Clarity || Minsung FF||Where stories live. Discover now