Chapter 10

743 102 23
                                    

ရာသီဥတုဟာ အုံ့မှိုင်းမှိုင်းရှိနေသော်ငြား သူ့အလိုလို နေ၍ကောင်းနေသည်ဟု ခံစားနေရသည်။ ကျောင်းအင်္ကျီကိုအပြည့်အစုံဝတ်ဆင်ကာ ကျောင်းထဲသို့ မဝင်ပါဘဲ ကျောင်းနှင့်မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်အောက်တွင် ရပ်စောင့်နေသော Jisung မှာ ခပ်ဝေးဝေးမှကြည့်ရုံနှင့် အူမြူးနေမှန်းသိသာနေသည်။

Phone screen ပေါ်ရှိအပြန်အလှန်ပြောထားသော စကားများကိုလည်း ဘယ်နှကြိမ် ဘယ်နှခါမြောက်မှန်းမသိ ပြန်ဖတ်နေမိသည်။

"Jisung-ah"

"အင်း"

"မနက်ဖြန်ကျောင်းတက်မှာလား။"

"ကျောင်းမတက်တော့ဘယ်သွားရမှာလဲ။"

"ကိုယ်နဲ့ date ရအောင်။"

မနေ့ညနေပိုင်းက စာကြည့်စားပွဲတွင် ထိုင်နေရာမှ ထိုစာအားမြင်လိုက်ရချိန်တွင် အလန့်တကြား မတ်တပ်ရပ်လိုက်မိသည်ကို မှတ်မိပါ၏။

"ကျောင်းဖွင့်ရက်ကြီး ဘာကို date လဲ။"

"ကျောင်းသားဆိုတာ တခါတလေတော့ကျောင်းပြေးပေးရတယ်တဲ့။"

"ဘယ်သူပြောလဲ။"

"ကိုယ်ပြောတာ။"

"အဲ့ဒါဆို ခင်ဗျားတစ်​ယောက်တည်းပြေးလေ။"

"လုပ်ပါ Jisungie ရာ။ ကပ်​စေးမကုပ်ပါနဲ့။"

နှုတ်ခမ်းဆူပုတ်ပုတ်လုပ်ကာ ဂျီကျချင်နေမည့်မျက်နှာကို မြင်ယောင်လာသည်မို့ Jisung အလျှော့ပေးကာ လက်ခံလိုက်မိသည်။ အစကတည်းက မသွားချင်ခဲ့တာလည်းမဟုတ်သည်မို့။

"ဘာတွေပြုံးစိစိလုပ်နေတာလဲ။"

Jisung ၏နားနားသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်သော စကားသံကြောင့် လက်ဖျံပေါ်ရှိ ကြက်သီးမွေးညင်းတို့ပင် ထောင်သွားရသည်။ လက်ထဲမှ ဖုန်းကိုလည်း အလန့်တကြားပိတ်ကာ အိတ်ကပ်ထဲသို့ အလျင်အမြန်ထည့်လိုက်မိသည်။

"ဘယ်သူနဲ့စကားပြောနေတာလဲ။"

"ဘယ်သူနဲ့မှမပြောပါဘူး။"

"Chat ကြီးမြင်လိုက်တာကို ဘာလို့ လိမ်နေတာလဲ။"

Jisung အနောက်ဘက်နားတွင် ကပ်ကာရပ်နေသူ၏ မျက်နှာကို လှည့်ကြည့်လိုက်ချိန် စိတ်ဆိုးချင်နေသည့် အရိပ်အယောင်များတွေ့လိုက်ရသဖြင့် Jisung ရင်ထဲ ဒိတ်ခနဲ။

Clarity || Minsung FF||Where stories live. Discover now