Chapter 18

579 92 9
                                    

"ဘာ...မင်းမှာတကယ်ကြီးအဲ့လိုကိစ္စရှိခဲ့တာလား။"

Felix ၏ တအံ့တသြပြန်မေးစကားကို Jisung မှာ ခေါင်းသာ ငြိမ့်ပြသည်။

"ယုတ်မာလိုက်တာ။"

အကြောင်းအရာအဖြစ်အပျက်အစုံအလင်ကို ပထမဆုံးကြားသိရသူသုံးယောက်၏ တုန့်ပြန်မှုမှာ မတူ။ Felix မှာ သူ၏အသစ်စက်စက်သူငယ်ချင်းဖြစ်သူအတွက် ဒေါသထွက်၍ မခံမရပ်နိုင်ညည်းညူလို့နေသည်။

Hyunjin ၏မျက်နှာပေါ်၌ အထင်းသားပေါ်နေသော အံ့သြထိတ်လန့်မှုများကြောင့် Seungmin မှာတော့ မူရင်းပြဿနာထက် Hyunjin အားပို၍စိတ်ပူနေပုံပေါ်၏။ Hyunjin ၏ နောက်ကျောပေါ်သို့ သူ၏လက်ကိုတင်ကာ မသိမသာပွတ်သပ်ရင်း နှစ်သိမ့်ပေးနေလေသည်။

"ငါတောင်းပန်ပါတယ် Jisung...အဲ့အချိန်က ငါမင်းဘေးနား..."

"မဟုတ်တာ Hyunjin ရယ်။ တောင်းပန်ရမယ့်သူက ငါပါ။ ငါ့ကြောင့် ထိခိုက်ခဲ့ရတဲ့သူတွေက တစ်ယောက်နှစ်ယောက်မှမဟုတ်ဘဲ..."

Jisung ၏စကားတွင် ရှိုက်သံတချို့ကပ်ပါလာတော့ Minho မှာသူ့ကို ရင်ခွင်ထဲထည့်၍ ပွေ့ဖက်ပေးထားလေသည်။

"ကိုလည်း ငါ့ကြောင့်..."

"ရှူး...ပေါက်ကရတွေမတွေးရဘူးလေ ကလေး။"

Minho မှာ သူ့အားဖက်တွယ်ထားသည့် ကလေးငယ်ကို တယုတယပြုံးပြရင်း ငေးကြည့်ကာ သူ၏မျက်ဝန်းများထဲမှ စီးကျလာနေသော မျက်ရည်စက်များကို ဖိသုတ်ပေးလိုက်သည်။

"မငိုနဲ့တော့ ပင်ပန်းလိမ့်မယ်။"

သူတို့နှစ်ဦး၏ အနေအထားကို အသံတိတ်ကြည့်နေမိသော Chan မှာ တစ်ချက်ခပ်ဖွဖွပြုံးသည်။

"မင်းတို့နှစ်​ယောက်ကတော့ နဖူးစာဆိုတာ ဘာမှန်းကွက်ကွက်ကွင်းကွင်းကိုပြနေတဲ့ စံပြအတွဲပါပဲ။"

Chan ၏စကားကို Hyunjin ကလည်း သက်မတစ်ချက်ရှိုက်ရှူလိုက်ရင်း ထောက်ခံသည်။

"မင်းအတွက် ငါဝမ်းသာပါတယ်။"

"ငါဒီ့ထက်ပိုပြီး မင်းကိုတောင်းပန်သင့်တယ်ထင်တယ် Hyunjin။ ငါ့ကြောင့်နဲ့ မင်းခံစားခဲ့ရတာတွေမသက်သာမှန်း ငါသိတယ်။ ငါ့ကြောင့် မင်းရဲ့ကလေးဘဝ ပျက်စီးခဲ့ရမှာ။"

Clarity || Minsung FF||Where stories live. Discover now