Chapter 5

759 101 28
                                    

လိုက်ကာများအပြည့်ချထားပြီး အလင်းရောင် အနည်းငယ်သာရှိနေသော အခန်းထဲတွင် လုံးဝဥဿုံတိတ်ဆိတ်လို့နေသည်။ စာကြည့်စားပွဲပေါ်တွင်တင်ထားသော Iced Americano ခွက်မှာလည်း အခန်းအပူချိန်ကြောင့် အအေးဓာတ်လွင့်ပျယ်ကာ ခွက်ဘေးတစ်လျှောက် ရေများစီးကျနေလေ၏။

အခန်းပိုင်ရှင်မှာတော့ ကုတင်ပေါ်တွင် စာအုပ်တစ်အုပ်ကိုကိုင်ကာ အတွေးနယ်ချဲ့နေပုံပေါ်သည်။ မျက်ခုံးနှစ်ဖက်မှာလည်း တွန့်ချိုးခံထားရမှုကြောင့် ထိစပ်တော့မတတ်ပင်။

သူ၏ ခြေထောက်အနီးတွင် ပွတ်သပ်ဆော့ကစားနေသော ကြောင်ကလေးမှာလည်း အာရုံစိုက်ခံရခြင်းမရှိ။ ရုတ်တရက်ထမြည်လာသော ဖုန်းသံမှာ စိတ်ရှုပ်စရာကောင်းလောက်အောင် ဆူညံလို့သွားလေ၏။

"Hello"

ဘုဆတ်ဆတ်လေသံနှင့် ခပ်မာမာအဖြေစကားကြောင့် တစ်ဖက်လူမှာ အနည်းငယ် တွန့်ဆုတ်သွားပုံရသည်။ စက္ကန့်ပိုင်းမျှ ဆိတ်ငြိမ်သွားပြီးမှ စကားကိုစလာသည်။

"နေမကောင်းဘူးဆို?"

"အင်း ဟုတ်တယ်။"

"အဲ့ဒါ ဖုန်းလေးဘာလေးမဆက်ရင်တောင် message ပို့ပြီး ပြောထားပါလား ခွေးကောင်ရဲ့။ မင်းရောက်လာနိုးနိုးနဲ့ ငါတို့နှစ်ယောက်မှာ ထိုင်စောင့်နေရတာ။ မင်းညီလေးကိုသွားမေးမှပဲ သိရတော့တယ်။"

"အင်း။"

အားရပါးရ ဆူပူနေသော်လည်း "အင်း" ဟူသည့် တုန့်ပြန်စကားမမည်သော တုန့်ပြန်စကားတစ်ခွန်းကိုသာ ရရှိလိုက်သဖြင့် Changbin မှာနင်ပင်နင်သွားရသည်။

"တော်တော်နေမကောင်းဖြစ်နေတာလား။ ငါတို့ကျောင်းဆင်းရင်လာခဲ့ရမလား။"

"ဘာလာလုပ်မှာလဲ။ မင်းတို့က ဆရာဝန်တွေမို့လို့လား။"

"လာကြည့်ပေးရမလားလို့ မေးတာလေ ချီးထုပ်ကောင်ရဲ့။"

"မလိုဘူး။ အပိုတွေလုပ်မနေနဲ့။ ငါနားချင်ပြီ။ ဖုန်းချလိုက်တော့မယ်။"

Minho ၏ လေသံမှာ သိပ်ဟန်ပုံမပေါ်တာကြောင့် Changbin လက်လျှော့လိုက်ကာ သက်မတစ်ချက်ပင့်၍ ဖုန်းကိုချလိုက်တော့၏။

Clarity || Minsung FF||Where stories live. Discover now