Chapter 15

638 92 27
                                    

ပန်းချီကားတစ်ချပ်ပေါ်ရှိ ဆေးစက်ကလေးများကဲ့သို့ ကောင်းကင်ပြာပေါ်တွင် တည်ရှိနေသော တိမ်ဖြူလွှလေးများကို ငေးကြည့်ရင်း Minho မကျေမနပ်ဖြစ်နေမိသည်။

မိုးကို တောင့်တနေပါသော်လည်း တိမ်ညိုအစအနပင်မတွေ့ရသောကြောင့် မိုးမင်းကိုပင် စိတ်ကောက်ချင်လာသလိုလို။ လက်ထဲမှ ကော်ဖီခွက်အား ပျင်းရိလေးတွဲ့စွာ သောက်နေရင်း ပြတင်းပေါက်ဘောင်ကို လက်ဖြင့် တတောက်တောက်ခေါ်နေမိသည်။

စာမေးပွဲများ ပြီးဆုံးပြီဖြစ်ရာ ကျောင်းပိတ်ရက်တိုလေးကို မည်သည့်နည်းဖြင့် ဖြတ်ကျော်ရမည်မှန်း Minho တွေးမရဖြစ်နေသည်။ Chan နှင့် Changbin မှာလည်း game ဆိုင်တွင် အိမ်ငှားထားသကဲ့သို့ ဂူအောင်းနေလေရာ Minho မဆက်သွယ်ချင်။

Jisung ကိုဆက်သွယ်ရန် ဆိုသည်မှာလည်း...

လွန်ခဲ့သော နေ့က ကန်တော့ပွဲပြီးဆုံးချိန်မှစ၍ Jisung အား message ပင်မပို့ခဲ့မိ။ စကားစရန်ကို အဘယ်အကြောင်းကြောင်းကြောင့် ခက်ခဲနေသည် မသိ။ ဖုန်းကို ကိုင်လိုက်ချလိုက်လုပ်နေမိကာ ကြံရာမရဖြစ်နေသည်။

လွမ်းသည့်စိတ်ကတော့ ချုပ်တည်းနိုင်ဖို့ရာ ခက်ခဲ၏။ သိပ်တွေ့ချင်ပါသည်။ ရင်ခွင်ထဲထည့်ကာ ဖက်ထားချင်ပါသည်။ စကားတီတီတာတာပြောချင်ပါသည်။ သို့သော် ကို့ရို့ကားယားနိုင်သော ခံစားချက်တစ်ခုက အတွေးထဲဝင်ရောက်နေသည်မို့ သိပ်ကိုခက်ပါတော့သည်။

phone gallery ထဲဝင်ရောက်မွှေနှောက်နေရာမှ သူခိုးရိုက်ထားခဲ့သော ဓာတ်ပုံများကို မြင်မှ Minho ခပ်ပါးပါးလေးပြုံးနိုင်သည်။ Jisung မှာ ဘယ်သောအခါမှ ဓာတ်ပုံအရိုက်မခံ။ သူမသိအောင်ရိုက်ထားသော နောက်ကျောပုံများ၊ သူ့ပုံရိပ်ခပ်သေးသေးသာပါသော ဓာတ်ပုံများမှလွဲ၍ Minho phone ထဲတွင် သူ့ပုံရိပ်များရှိမနေ။

စိတ်လိုလက်ရ ပို့ပေးထားသည်ဆို၍ လွန်ခဲ့သော တစ်ပတ်ခန့်က ရရှိထားသည့် ဂစ်တာတီးနေသော video လေးတစ်ခုသာရှိသည်။ စာမေးပွဲအတွက် စာကြည့်နေရင်း Minho ပျင်းရိလာ၍ Jisung ထံသို့ message များ တရစပ်ပို့ကာ စနောက်နေချိန်တွင် "အာရုံစိုက်လို့ရအောင် ကျွန်တော် ဂစ်တာတီးပြရမလား" ဟူသော ပြန်စာ ရောက်ရှိလာသဖြင့် Minho ထပင်ခုန်ခဲ့မိသည်။

Clarity || Minsung FF||Where stories live. Discover now