| Dear Miss Librarian | [ Eleven ] [ Unicode ]
အခန်းထဲမှာ ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာကြာပြီဖြစ်ပေမယ့် အခုထိစဉ်းစားလ်ို့မရသေး...။ လိုအပ်တဲ့အချိန်ဆို အိပ်ပျော်နေတဲ့ ဦးနှောက်ကိုလည်းအံ့ဩပါရဲ့...။
လက်ထဲကစာရွက်ထဲမှာရေးထားတဲ့ နာမည်ကိုကြည့်လိုက် ဟိုဒီကြည့်စဉ်းစားလိုက်လုပ်နေတာ အတော်ကြာနေလေပြီ..။
ခေါင်းကုပ်ရလွန်းလို့ ဆံပင်တွေလည်းဖွာလန်ကျဲနေလောက်ပြီထင်ပါရဲ့..။ ဒါပေမယ့် ဦးနှောက်ကခုထိ အကြံဉာဏ်ကောင်းမထွက်လာသေး...။
သက်ပြင်းချတိုင်းသာအသက်တိုရရင် Son Chaeyoung တို့ဒီနေရာမှာတင်ငုတ်တုတ်မေ့သွားလောက်သည်...။
သူမကိုလက်ဆောင်ကောင်းကောင်းပေးချင်တာမို့ ခေါင်းမီးတောက်အောင်စဉ်းစားနေရခြင်းပင်...။ အခြားသူဆိုရင်တော့ အဆင်ပြေတဲ့ပစ္စည်းတစ်ခုကိုဝယ်ခါနီးကျမှ ရွေးလိုက်မည်ဖြစ်သည်..။
ဒါပေမယ့် သူမအတွက်ဆိုတဲ့စိတ်က အကြိမ်ကြိမ်စဉ်းစားဖို့အားပေးနေသလို...။ ပစ္စည်းတစ်ခုခုဝယ်ပေးဖို့ကလည်းရိုးလွန်းသည်လို့ထင်သည်...။ ကိုယ်ကျွမ်းကျင်တဲ့ ပုံဆွဲပေးဖို့ကလည်း သူမအတွက်သိပ်မသုံးမဝင်လှ...။
ဒီကြားထဲ ကိုယ့်အချစ်တွေကိုပါဆယ်ထုပ်ပြီးပေးရင် ပုံးဘယ်လောက်ကြီးကြီးလိုမလဲ ဆိုပြီးရူးကြောင်ကြောင်ကတွေးမိသေးသည်...။ Son Chaeyoung တို့ရူးချက်ကတော့..။
နောက်ဆုံးတော့ အရှုံးပေးလိုက်ပြီးအိပ်ရာပေါ် ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်...။ တစ်အောင့်လောက်အကြာ စျေးဝယ်ထွက်တဲ့အချိန်တော့အကြံထွက်လာမှာပါလို့မျှော်လင့်ရင်းပေါ့...။
ဆောင်းတွင်းကြီးမှာ ပူထူနေတဲ့ခေါင်းကိုအအေးခံဖို့ ရေအေးအေးနဲ့လောင်းချိုးလိုက်ရတော့တာပါဘဲ...။
" ဒေါက် ဒေါက် "
တံခါးခေါက်သံကြားတာမို့ ခေါင်းသုတ်နေရင်းကထဖွင့်ပေးတော့ အပြင်သွားဖို့ပြင်ဆင်ပြီးဖြစ်နေတဲ့ Momo.. ။
" သွားရအောင်လေ Chaeyoung na "
" ဆင်းလာခဲ့မယ်နော် ၂ မိနစ်လောက်ဘဲစောင့် "
ESTÁS LEYENDO
| Dear Miss Librarian | | Michaeng |
Fanficရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung