| Dear Miss Librarian | [ Eight ]
" Chaeyoung na .."
အနောက်ကနေ ပုခုံးကိုကိုင်လာတဲ့လက်ကိုခံစားမိလိုက်တာမို့ ငေါင်တောင်တောင်နဲ့နောက်ကိုလှည့်ကြည့်မိလိုက်တော့... စိတ်ပူတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ Tzuyu နဲ့ Sana unnie ..။
သူတို့နာမည်တွေကိုခေါ်ဖို့ပါးစပ်ကိုဟလိုက်ပေမယ့် စကားသံတွေကထွက်မလာခဲ့ ..။ ထိုအချိန်မှာဘဲ အနားကိုတိုးလာပြီး ပုခုံးကိုဖက်လိုက်ရင်းပြောလာတဲ့ Tzuyu ..။
" လာပါ အိမ်ပြန်ရအောင် ငါတို့လိုက်ပို့ပေးမယ် "
မငြင်းဘဲအားယုတ်စွာနဲ့ခြေလှမ်းတွေကိုတစ်လှမ်းချင်းလှမ်းခဲ့မိလိုက်သည် ..။ သူတို့နှစ်ယောက်လည်း ကိုယ်မြင်တဲ့မြင်ကွင်းကိုမြင်လိုက်တယ်ထင်ပါရဲ့ .. ဘာမေးခွန်းမှမမေးဘဲ နှုတ်ဆိတ်နေခဲ့သည် ..။
ဖြစ်နိုင်ရင် ထိုလမ်းမပေါ်မှာသာပစ်လှဲလိုက်ချင်လိုက်တာ ..။ ရင်ထဲမှာဆို့နင့်လာတဲ့ခံစားချက်ကြီးကိုမုန်းလိုက်တာ ..။ အော်ငိုပစ်ချင်နေပေမယ့် စကားတစ်ခွန်းပြောဖို့တောင်အတော်အားယူနေရသည် ..။
အိမ်နားရောက်ခါနီးသိပ်မလိုတဲ့အခါမှာတော့....
" ဒီလောက်ဆိုရပါပြီ လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ် "
" မဟုတ်ဘူး ငါအိမ်ထိလိုက်ပို့ပေးမယ် "
" ငါကလေးမဟုတ်ပါဘူး Tzuyu ရယ် အိမ်တော့ကိုယ့်ဘာကိုပြန်တတ်ပါတယ် "
" ဒါပေမယ့်- "
" ကဲပါ ငါအဆင်ပြေပါတယ် Sana Unnie ကိုသာအိမ်ပြန်ပို့ပေးလိုက် သွားတော့ "
" ဟင်းး ပြောရခက်တော့တာဘဲ ဒါဆိုလည်းအိမ်ရောက်ရင်နွေးနွေးထွေးထွေးနေဦး "
" အေးပါဟ "
" ဂရုစိုက်နော် Chaeyoungie "
" ဟုတ်ကဲ့ပါ Sana Unnie "
စိတ်ပူနေကြတဲ့နှစ်ယောက်လုံးကို အားနာနေမိတာကြောင့် အဆင်ပြေကြောင်းမုသားသုံးပြီးသာ ပြန်ခိုင်းလိုက်ရတော့သည် ..။
ခြေလှမ်းတွေကိုဆက်ပြီးလှမ်းလိုက်တဲ့အခါမှာတော့ အိမ်နဲ့ဆန့်ကျင်ဘက်ဆီသို့ ...။
YOU ARE READING
| Dear Miss Librarian | | Michaeng |
Fanfictionရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung