| Dear Miss Librarian | [ Ten ]
Mina's POV
အံ့ဩမှုကြောင့်တုန်လှုပ်နေတဲ့ခြေလှမ်းတွေနဲ့အိမ်ကို ဖြည်းဖြည်းချင်းပြန်လာခဲ့မိသည်...။ အခုထိ Screen မှာတွေ့လိုက်တဲ့မြင်ကွင်းတစ်ခုကိုမယုံနိုင်သေးသလို ...။ မျက်လုံးအမြင်မမှားဘူးဆိုတာသေချာနေပေမယ့် ဦးနှောက်က လက်ခံဖို့အဆင်သင့်မဖြစ်သေး...။
အိမ်တံခါးကိုဖွင့်လိုက်ပြီး ဧည့်ခန်းထဲကဆိုဖာမှာခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည် ...။ မျက်နှာကဘာအမူအရာမှမရှိဘဲတည်ငြိမ်နေတယ်ဆိုပေမယ့်ခေါင်းထဲမှာတော့အတွေးတွေပေါင်းစုံလို့ ...။
" Chaeyoung တဲ့လား .... "
အဖြေကကျိန်းသေနေပြီမို့ မသိချင်ယောင်ဆောင်ထားလို့မရတော့ ...။ ကိုယ့်ကိုနေ့တိုင်းစာတိုလေးတွေပေးနေတာက Chaeyoung ဆိုတာကို ယုံတဝက်မယုံတဝက်နှင့် လက်ခံရတော့လေမည် ...။
အခန်းထဲကိုလှမ်းသွားလိုက်ရင်း USB နဲ့ကူးလာတဲ့ ဖိုင်တွေကိုသေချာကြည့်ဖို့ပြင်လိုက်တော့သည်..။ လောလောလတ်လတ်ဖိုင်တစ်ခုတည်းကိုသာကြည့်ခဲ့ရတာမို့ လွန်ခဲ့တဲ့တစ်လကစပြီး ဒီနေ့အထိမှတ်တမ်းတွေကိုယူလာခဲ့မိသည်..။
တုန်ယင်နေတဲ့လက်နဲ့ဖိုင်တစ်ခုကိုဖွင့်မိတော့ နောက်လာမယ့်အရာအတွက်စိတ်လှုပ်ရှားနေမိသလို...။
တစ်နေကုန်ကြည့်စရာမလိုတာမို့ ၃ နာရီလောက်ကိုကျော်ကြည့်လိုက်တာနဲ့တစ်ပြိုင်နက် Camera မြင်ကွင်းထဲဝင်ရောက်လာတဲ့ လူကောင်သေးသေးလေးနဲ့ကောင်မလေး ...။လက်ခံပြီးသားဖြစ်ပေမယ့် ထပ်ပြီးအံ့ဩသွားတာမို့ ပါးစပ်အဟောင်းသားဖြစ်ရပြန်သည်..။ ဘေးပတ်ဝန်းကျင်ကိုသေချာစစ်ကာ စာရွက်ကိုထားပြီးမှ အနောက်လှည့်လိုက်တဲ့အခါမှာ Videoကိုရပ်လိုက်မိသည်...။
ထိုအခါမှာတွေ့လိုက်ရတာက သူ့ရဲ့အပြုံးလေး ...။ ဝါးနေပေမယ့် သူပြုံးနေတယ်ဆိုတာသေချာပေါက်ပြောလို့ရသည်...။ ကျေနပ်တဲ့ပုံလေးနဲ့ ပြတင်းပေါက်နားလေးကိုတဖြည်းဖြည်းချင်းလှမ်းသွားလေရဲ့ ...။
ဒီရက်ပိုင်းမှာကိုယ်သတိလက်လွတ်နဲ့ စောင့်မဖမ်းနိုင်တာကို သူသိများသိနေတာလား ...။ ဒါဆို ကိုယ်စောင့်ဖမ်းနေရင်းနဲ့တောင်လွတ်သွားတဲ့ရက်တွေကကော ...။ သူနဲ့တစ်ချိန်လုံးစကားပြောနေခဲ့တာတောင် သွားကြည့်တဲ့အခါမှာထိုစာလေးရောက်နေခဲ့တာကကော ...။
YOU ARE READING
| Dear Miss Librarian | | Michaeng |
Fanfictionရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung