| Dear Miss Librarian | [ SIX ] [Unicode]

1K 97 3
                                    

| Dear Miss Librarian | [ SIX ]

Chaeyoung's POV

" ဟုတ်ပြီ အခုRollerCoaster စီးလို့ရပြီမလား "

ဆိုပြီးမေးလာတဲ့ Sana ကြောင့် ဘယ်လောက်တောင် ရိုလာကိုစတာစီးချင်နေလဲသိသာသည် ။

" ရပြီမလား Mina "

" အယ် ငါ့ကိုဘာလို့မေးတာလဲ စီးချင်ရင်သွားလေ "

" မဟုတ်ပါဘူး နင်များကြောက်နေမလားလို့လေ ဟီးဟီး "

" Yahh "

Sana ကစနောက်ပြီးပြောတော့ Mina တစ်ယောက်နှုတ်ခမ်းလေးဆူပြီးရန်ပြန်တွေ့နေတာ တကယ်ကိုချစ်ဖို့ကောင်းတယ့်မြင်ကွင်းလေးပင် ။

ကြည့်ရတာ RollerCoaster မစီးရဲတာကြောင့် Sana ကစနေသည်ထင်ပါရဲ့ ..။

" မဟုတ်လို့လား နင်အရင်ကလည်းတစ်ခါဘဲစီးဖူးတာလေ အဲတစ်ခါကလည်းအောက်ရောက်တော့ဒူးတွေတုန်- "

" တော်တော့ Sana ရာ "

" အဟဟဟ "

" မရီနဲ့ ငါအ- အရင်ကလိုမဟုတ်တော့ဘူး "

" အမ်မယ် အဲဒါဆိုလည်းသွားကြတာပေါ့ "

ထပ်ပြီးစနေမှာစိုးလို့သာလက်ခံလိုက်ရပေမယ့် သူမပုံစံကအနည်းငယ်တော့ကြောက်နေသေးတာ မျက်နှာမှာပေါ်နေသည် ။ သူငယ်ချင်းနှစ်ယောက်သာသိတဲ့ကိစ္စမို့ ဘာမှဝင်မပြောတော့ဘဲ RollerCoaster ရှိတဲ့နေရာကိုလှမ်းလာခဲ့လိုက်တော့သည် ။

Sana နဲ့ Tzuyu လက်မှတ်ဝယ်နေတုန်းစိတ်လှုပ်ရှားနေပုံရတဲ့ သူမကိုတွေ့လိုက်ရတာမို့ နည်းနည်းတော့သနားသွားတာအမှန်ပင် ..။

" ဟို Mina Unnie ... "

" အင်း Chaeng? "

" ဟို... တကယ်လို့အဆင်မပြေရင်လည်း ငြင်းလိုက်ပါလားSana  Unnie ကို.."

"အဆင်ပြေပါတယ် Chaeyoung ရဲ့ "

" ဟုတ်လို့လား Unnie ကြည့်ရတာ နည်းနည်း... "

" Unnie အဲဒါကိုစီးရဲတယ်ဆိုတာ သူ့ကိုပြကိုပြရမယ် မဟုတ်ရင်စလို့ပြီးမှာမဟုတ်ဘူး "

" အာာာ အဲတာဆိုလည်းဟုတ်ပါပြီ "

" ကဲ တက်ကြရအောင် "

| Dear Miss Librarian |  | Michaeng |Where stories live. Discover now