| Dear Miss Librarian | [ Twelve ] [ Unicode ]
မျက်ခွံလေးတွေပွံ့သွားတာနဲ့မြင်လိုက်ရတာက မျက်နှာကျက်အဖြူ.. ။ ဒါပေမယ့် ထိုပေါ်မှာကောင်မလေးတစ်ယောက်ရဲ့ ပြုံးရိပ်ရိပ်မျက်နှာလေးကထင်ဟပ်နေသလို..။
သာယာတဲ့မနက်ခင်းလေးပါဘဲ..။ အချိန်ကမနက် ၇ နာရီ..။ မနေ့ကနောက်ကျမှအိပ်ရာဝင်ထားပေမယ့် အားဆေးသောက်အိပ်ထားတာဆိုတော့ လန်းဆန်းလို့..။
နှုတ်ခမ်းကပြုံးလျက် အကြောကိုဆန့်ရင်း ပြတင်းပေါက်ကနေ ပင်လယ်ကြီးကို " မောနင်း" လို့နှုတ်ဆက်လိုက်သည်..။ ပြီးတော့အကြည့်ကဒေါင့်နားလေးမှာထောင်ထားတဲ့ ဖိနပ်တစ်ရံဆီ..။
ကိုယ်ဆွဲထားတဲ့ဒီဇိုင်းလေးကို သဘောကျလွန်းလို့ ကြည့်မဝနိုင်ကိုဖြစ်နေတော့တာပါဘဲ...။ အိပ်ရာဘေးက ကိုယ့်လွယ်အိတ်ကတော့ သူ့ထက်အသာရသွားတဲ့ ဖိနပ်လေးကို မနာလိုများဖြစ်နေမလား..။
ပုံမှန်ဆို ၉ နာရီလောက်အိပ်ရမှ ကျေနပ်တဲ့သူက ဒီနေ့တော့ အိပ်ချိန် ၅ နာရီလောက်နဲ့ပြုံးစိစိလုပ်လို့..။ မနေ့ညကအဖြစ်အပျက်ကိုတွေးလိုက်တိုင်းလည်း ရင်ထဲတလှပ်လှပ်ဖြစ်ရသည်..။
သူမရဲ့လက်တစ်စုံကခါးပေါ်မှာရစ်ပတ်ထားတာကို ခုထိခံစားမိနေသေးသလို..။ပုခုံးပေါ်မှာမေးတင်ထားခဲ့တဲ့ သူမကိုသတိရနေမိသည်..။ တီတီတာတာပြောတဲ့သူမစကားလေးတွေကို နားထဲကြားယောင်မိနေဆဲ..။
တကယ်ကိုသာယာလှပတဲ့ညလေးတစ်ညပါဘဲ..။အမေ့ဗိုက်ထဲကထွက်လာကတည်းက ဖြတ်သန်းခဲ့ရတဲ့ Christmas Eve တွေထဲမှာ အကောင်းဆုံးရဲ့ အကောင်းဆုံးပေါ့..။
ဒါတွေအားလုံးဟာသူမကြောင့်သာ..။ ကိုယ့်ဘဝရဲ့နေ့ရက်တွေကိုသာယာလာခဲ့တာ..နေ့ရက်တိုင်းကိုသူမစိတ်နဲ့နိုးထခဲ့တာ..ဘယ်သူ့ကိုမတွယ်တာတတ်တဲ့ကိုယ်က ခုမှလူတစ်ယောက်ိုစွဲစွဲလမ်းလမ်းဖြစ်နေတာ.. ကိုယ့်ရဲ့ပျော်ရွှင်မှုတွေမြစ်ဖျားခံရာက သူမဆီကသာဖြစ်သည်..။
ဖိနပ်ကိုရူးကြောင်ကြောင်ထိုင်ကြည့်ပြီးပြုံးနေတာသူများတွေသာတွေ့ရင်တော့ Son Chaeyoung လွတ်သွားပြီလို့ထင်ကြလောက်မည်..။
ČTEŠ
| Dear Miss Librarian | | Michaeng |
Fanfikceရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung