| Dear Miss Librarian | [ Nine ]
Chaeyoung's POV
မိုးလင်းပြီဆိုတဲ့အသိနဲ့ မျက်လုံးတွေကိုဖွင့်လိုက်တော့ ဖြူဖွေးနေတဲ့မျက်နှာကျက်...။ ပြတင်းပေါက်ကနေဝင်လာတဲ့နေရောင်လေးကြောင့် အခန်းထဲနွေးနွေးထွေးထွေးရှိလှသည်...။
မနေ့ကလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့ခန္ဓာကိုယ်လေးကြောင့် ဝမ်းသာသွားပြီး အကြောကိုအားရပါးရဆန့်လိုက်မိသည် ...။
" နေမကောင်းဖြစ်ရတာတော်တော်ဆိုးတာဘဲ "
စိတ်ထင်ရာလုပ်ပြီး ဖြစ်တော့မှ အလူးအလဲခံစားရတာကိုသိသွားတာမို့ နောက်ဆိုဆင်ခြင်ရလေမည် ...။
အတွေးတွေထဲမဖိတ်ခေါ်ဘဲဝင်ရောက်လာတဲ့သူမ...။ ပုံရိပ်လေးတွေ အတွေးထဲပေါ်လာတာနဲ့ တန်းပြုံးမိသည် ...။ ခဏတာလောက် ကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသားလိုခံစားခဲ့ရတာကြောင့် ပျော်မိတယ် ..။
နေမကောင်းဖြစ်ရတာ အတော်တော့ခံစားရပေမယ့် သူမရဲ့ဂရုစိုက်မှုလေးတွေသာရမယ်ဆို ဆယ်ခါပြန်ဖျားလည်းဖျားပါစေ ..။
ထိုသို့တွေးမိတော့ ဟက်ခနဲရယ်မိပြန်သည် ..။ရင့်ကျက်ပါတယ်ဆိုတဲ့ ကိုယ်လည်းသူမနဲ့ပတ်သတ်ရင်တော့ အတွေးတွေကကလေးဆန်လိုက်တာ ...။ ဒါပေမယ့်လည်းမတတ်နိုင်...။ အရမ်းသဘောကျနေမိတာကိုး ..။
မနေ့ကအဖြစ်အပျက်လေးတွေတွေးမိတိုင်းကြည်နူးနေရတုန်း..။ သူမရဲ့ဂရုစိုက်မှုလေးတွေခံရမယ်လို့ ဘယ်တုန်းကမှစိတ်ကူးမယဉ်ခဲ့ဖူး..။ အခုလို အကြောင်းဖန်လာခဲ့တာ ဆောင်းတွင်းကြီးရွာချတဲ့မိုးကိုတောင်ကျေးဇူးတင်ရမလိုလို..။
တနင်္ဂနွေနေ့မနက် ၈ နာရီ....နိုးနိုးချင်းအိပ်ရာပေါ်မှာထိုင်ပြီး ရူးကြောင်ကြောင်ပြုံးနေတာဆိုလို့ Son Chaeyoung တစ်ယောက်ဘဲရှိမယ်ထင်ပါတယ် ..။
ရုတ်တရက် မီးဖိုချောင်ထဲက ပန်းကန်သံကြားလိုက်တာကြောင့် မျက်နှာကအပြုံးတွေပျောက်ကွယ်သွားရတော့သည် ..။
" သ- သခိုးဝင်နေတာလား ဘ- ဘာလဲဟ Tzuyu လည်းဒီမှာမရှိပါဘူး "
ရုတ်တရက်လန့်သွားတာမို့ ဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်နေလျက်...။ တစ်ယောက်တည်းနေလာတာလည်းကြာလေပြီ မနက်စောစောစီးစီးအိမ်ထဲမှာ ထိုအသံတွေမကြားဖူး ..။
![](https://img.wattpad.com/cover/243764311-288-k230472.jpg)
VOUS LISEZ
| Dear Miss Librarian | | Michaeng |
Fanfictionရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung