| Dear Miss librarian | [ FOUR ]
Chaeyoung's POV
ဆိုင်ထဲကိုတစ်စုံတစ်ယောက်ဝင်လာတာမို့ Momo ကနှုတ်ဆက်လိုက်ပေမယ့် ရပ်လိုက်ပြီးနာမည်ခေါ်လိုက်တာမို့လှည့်ကြည့်လိုက်တော့ ...
"ဟင် Mina Unnie....."
" Chaeyoung ? "
" အော်နှစ်ယောက်ကသိနေကြတာလား "
ဘေးနားက Momo ကဝင်မေးလိုက်တဲ့အခါမှ Mina က
" အော် သူကငါ့စာကြည့်တိုက်ကိုအမြဲလာရင်းနဲ့ခင်သွားတာပါ နင်ကကောသိတာလား "
" အင်း သူလည်းဒီကိုနေ့တိုင်းလာလို့ခင်သွားတာ အဟဟ "
" အာာ Chaeyoung ကမုန့်လာဝယ်တာလား "
" အာ ဟုတ်- ဟုတ်တယ် Mina Unnie "
" အဲတာဆိုလည်းတစ်ခါတည်းမိတ်ဆက်ပေးလိုက်မယ်လေ ဒါက Hirai Momo တဲ့ Unnie နဲ့ Sana ရဲ့သူငယ်ချင်းအရင်းပေါ့ ခင်နေပြီးသားပေမယ့်ထပ်မိတ်ဆက်ပေးတာ "
ထိုအချိန်မှာတံတွေးမြိုချမိလိုက်ရင်း သူမရှေ့ကနှစ်ယောက်ကိုတစ်လှည့်ဆီကြည့်နေမိလိုက်သည် ။ ရုတ်တရက်ခင်သွားတဲ့သူကလည်း သူမရဲ့သူငယ်ချင်းအရင်းတဲ့လား။ ကံတရားကသူမဘက်မှာရှိနေတာလား မရှိနေတာလားဆိုတာကိုလည်း သေချာမဆုံးဖြတ်တတ်တော့ပေ။
" ဒါနဲ့ Mitang နင်ဒီကိုမလာတာတောင်ကြာပြီ ငါ့ကိုပစ်ထားတယ်ပေါ့ "
ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းရှိပြီး တည်ကြည်တဲ့မျက်နှာနဲ့ Momo ရဲ့ပုံစံကိုသာမြင်ဖူးခဲ့ပေမယ့် အခုလိုနှုတ်ခမ်းလေးဆူရင်း Mina ကိုပြောနေတာကိုမြင်ရတာပထမဆုံးပင် ။
" နင်ကကော ငါ့စာကြည့်တိုက်ကိုဘယ်နှခါများလာလို့လဲ Hirai Momo "
" နင်ကလည်း ငါစာဖတ်ရတာမကြိုက်တာသိရဲ့သားနဲ့ နောက်နေ့လာခဲ့ပါ့မယ့် Sanaရဲ့ Cafe မှာတွေ့ကြမယ်လေ ဟီးးး "
" မပြောချင်ဘူး ဟွန်း "
အချင်းချင်းစကားပြောနေကကပုံကိုကြည့်ရင်း အရမ်းရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်မှန်းခန့််မှန်းမိသည် ။ သူတို့စကားဝိုင်းထဲမှာမပါတာမို့ ရုတ်တရက် နေရခက်သွားတာကြောင့်လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကိုရှာရင်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေမိသည် ။
![](https://img.wattpad.com/cover/243764311-288-k230472.jpg)
ESTÁS LEYENDO
| Dear Miss Librarian | | Michaeng |
Fanficရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung