| Dear Miss Librarian | [SEVEN] [Unicode]

1K 101 16
                                    

| Dear Miss Librarian |  [SEVEN]

- Flashback -

- MiSaMo High School Days -

" ဟူးး နေလို့ကောင်းလိုက်တာ .. "

စိမ်းစိုနေတဲ့မြက်ခင်းပေါ်လှဲချလိုက်ရင်း ကောင်းကင်ကြီးကိုမော့ကြည့်နေတဲ့ကောင်မလေးတစ်ယောက်..။

ကျောင်းရဲ့အနောက်ဖက်က လူသိပ်မလာတဲ့ပန်းခြံလေးကိုရောက်နေတာဖြစ်ပြီး ထိုနေရာကသူမစိတ်ပြေလက်ပျောက်လာနေကျနေရာတစ်ခု...။

မုန့်စားဆင်းချိန်ဖြစ်ပေမယ့် စားချင်စိတ်သိပ်မရှိတာမို့ ထွက်လာခဲ့ခြင်းပင် ..။ ပန်းပင်လေးတွေ စိမ်းစိုလှပနေတဲ့မြင်ကွင်းကစိတ်ကိုတကယ်ကြည်နူးနေသည် ..။

ကောင်းကင်ပြာကလည်း သူမအနှစ်သက်ဆုံးအရာတစ်ခုပင် ..။ သဘောကျစွာငေးကြည့်နေရင်း မျက်လုံးလေးစင်းလာတာမို့ ခဏတာလောက်အိပ်စက်ဖို့ မှိတ်လိုက်တော့သည် ..။

လေညှင်းလေးတဖြည်းဖြည်းတိုက်ခတ်နေရင်း ငှက်ကလေးတွေရဲ့တေးဆိုသံတွေကလည်း ချိုသာလို့...။

တိမ်တိုက်ထဲကထွက်လာတဲ့နေရောင်က မျက်နှာပေါ်ကိုကျရောက်လာတော့စူးကနဲ..။ ဒါပေမယ့် လက်နဲ့ကာရမှာကိုပျင်းတာမို့ ကြိတ်မှိတ်ပြီးသာခံနေမိသည် ..။

ရုတ်တရက် နေရောင်ဒဏ်ကိုမခံရတော့တာမို့ မျက်လုံးဖွင့်ကြည့်မိတော့ လက်ဖဝါးတစ်ခုကိုတွေ့လိုက်ရတော့သည် ..။

" အယ် "

" နိုးလာပြီလား "

" ဘယ်တုန်းကရောက်နေတာလဲ "

" အခုလေးတင်ပါ "

"အာာ ဒါနဲ့ဘာလို့လာတာလဲ Momoရဲ့ စားပြီးသွားပြီလား "

" ဟင့်အင်းမစားရသေးဘူး Minari "

" မစားဘဲဘာလို့ "

ထိုအခါမှာ လက်ထဲမှာပါလာတဲ့ထမင်းဘူးလေးနှစ်ဘူးကိုမြှောက်ပြရင်း

" နင်နဲ့တူတူစားမလို့ယူလာတာ ဟီးးး "

" အာာငါဗိုက်မဆာ- "

" မရဘူး Minari အားရှိဖို့အတွက်အစားစားရမယ်လေ "

ပြောပြောဆိုဆိုနဲ့ ထမင်းဘူးကိုဖွင့်ပေးရင်းကမ်းပေးလာတာမို့ ငြင်းလို့မရတော့တဲ့အဆုံး ယူလိုက်ရတော့သည် ..။ ဇွန်းကိုကိုင်ရင်းစားဖို့ပြင်လိုက်ပေမယ့် တစ်ခုခုလိုနေသေးတာမို့ ပြန်ချမလို့ဘဲရှိသေး

| Dear Miss Librarian |  | Michaeng |Tempat cerita menjadi hidup. Temukan sekarang