| Dear Miss Librarian | [ TWO ] [ Unicode]

1.3K 120 5
                                    

| Dear Miss Librarian | [ TWO ]

Mina's POV

အိမ်ကမထွက်ခင် စားပွဲပေါ်မှာသတိတရတင်ထားတဲ့ Harry Potter စာအုပ်လေးကိုထည့်ရင်းထွက်လာခဲ့လိုက်သည် ။ မနက်ပိုင်းကသွားစရာရှိတာမို့ နေ့လည်ခင်းမှသာ စာကြည့်တိုက်ကိုထွက်လာဖြစ်သည် ။ Sana ကိုဖုန်းဆက်ကာ စာကြည့်တိုက်ကိုနည်းနည်းကြည့်ထားပေးဖို့အကူအညီတောင်းထားလိုက်သည် ။

သူမ Reception ကိုရောက်သွားတာ့ စာရွက်လေးတစ်ရွက်က စားပွဲပေါ်မှာရောက်နှင့်ပြီးသားလေးဖြစ်နေသည် ။

" အာာာ ဒီနေ့လည်းလွတ်သွားပြန်ပြီ "

လွယ်ထားတဲ့အိတ်လေးကိုချပြီး စာရွက်အပိုင်းအစလေးကို အလျင်အမြန်ပင်ဖွင့်ဖတ်မိလိုက်သည် ။

" Dear Miss Librarian

    စာကြည့်တိုက်ထဲဝင်လိုက်လို့ ခင်ဗျားလေးကိုမတွေ့ရရင် ရင်တွေပူထူသွားရတယ် "

အသည်းယားစရာ စာလေးတွေကြောင့် လက်သည်းလေးတွေကိုကုပ်ထားမိသည် ။ စားပွဲပေါ်က စာအုပ်လေးတွေကို သယ်ရင်း စာအုပ်စင်တွေဆီသွားထားဖို့ပြင်လိုက်ပေမယ့် တစ်ခုသတိရသွားတာမို့ အကြည့်တွေကတစ်နေရာဆီရောက်သွားတော့သည် ။

အိတ်ထဲမှာထည့်ယူလာတဲ့စာအုပ်လေးကိုထုတ်ရင်း ပြတင်းပေါက်ဘေးနားလေးက စားပွဲလေးဆီ လျှောက်သွားလိုက်ကာ

" အဟမ်း "

ချောင်းဟန့်လိုက်တော့ စာကိုအာရုံစိုက်ပြီးဖတ်နေရင်းကနေခေါင်းမော့လာသည် ။ သူမအမြင်မမှားဘူးဆိုရင် ပြူးပြူးလေးမော့ကြည့်လာတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေအရောင်လက်သွားတာကို သေချာပေါက်တွေ့လိုက်သည် ။

" အော် လာသားဘဲ "

" ဟင် "

" အာ ဟို.. Reception မှာမတွေ့လို့ မ မလာဘူးထင်လို့ပါ "

စကားထစ်ထစ်အအ ပြောနေတဲ့သူလေးကိုကြောင်ကြည့်နေမိသည် ။ သူ့ကိုကြည့်ရတာရှက်နေတဲ့ပုံပေမယ့် ဘာကြောင့်လဲဆိုတာကိုတော့မသိ ။ ပြီးတော့ သူမ မလာတာကိုသတိထားမိတယ်တဲ့လား ။အတွေးမလွန်ချင်တာမို့ စာအုပ်တောင်းဖို့ရှိလို့နေမှာပါ ဆိုပြီးဘဲ အတွေးတွေကိုအဆုံးသတ်လိုက်တော့သည် ။

| Dear Miss Librarian |  | Michaeng |Where stories live. Discover now