မစခင်မှာ စာဖတ်ရင်းသီချင်းနားထောင်တတ်တဲ့သူတွေအတွက် သီချင်းလေးတွေအပိုင်းလိုက် Recommend ချင်လို့ပါ ^^ စိတ်ပါရင်နားထောင်လို့ရပါတယ် <3
နားနားပြီးဖတ်ကြပါ XD
—————————————————-
[ Special Chapter ] [ Unicode ]
🎵 Something Bout That Feeling - Devin Kennedy
Chaeyoung's POV
" ဟင် ဒါကြီးကဘာလဲ ဘယ်လိုလုပ်ရမှာလဲ "
" အတုံးလေ ချချင်တဲ့နေရာကိုချိန်ပြီး Right-click နှိပ်လိုက် "
" အ်ိုးးး အဲလိုလား ဟီးဟီး ပျော်ဖို့ကောင်းသားပဲ "
" ဘာကိုပျော်ဖို့ကောင်းတာလဲ အခုမှအတုံးလေးတစ်တုံးချနည်းပဲသိသေးတဲ့ဟာကို "
" ဟာ Mina unnie ကလည်း အခုမှစဆော့တာကို "
တနင်္ဂနွေနေ့ဖြစ်တာမို့ သူမအိမ်ကိုဂိမ်းဆော့တာသင်ဖို့ရောက်နေခြင်းပင်..။ Minecraft လို့ခေါ်တဲ့အတုံးတွေချတဲ့ဂိမ်းကို သူမကအမြဲလိုလိုဆော့တာမို့ ကိုယ်လည်းဆော့တတ်ချင်မိသည်..။ ဂိမ်းဆော့လေ့မရှိတာမို့ အခြေခံတွေတောင်သိပ်မသိ..။
ဘေးနားမှာထိုင်ရင်း သူမကစိတ်ရှည်ရှည်နဲ့ပြောပြရှာပါသည်..။ တစ်ခါတစ်လေ အူကြောင်ကြောင်လုပ်ရင်တော့ နည်းနည်းပွစိပွစိပြောလေသည်..။နှုတ်ခမ်းလေးထော်နေတဲ့ပုံက ချစ်ဖို့ကောင်းလွန်းတာမို့ တစ်ခါတစ်လေလည်း တုံးချင်ယောင်ဆောင်ရသေးသည်..။
" အဲမှာ E ကိုနှိပ်ရင် အတုံးတွေကော တခြားသုံးချင်တဲ့ပစ္စည်းတွေပေါ်လာလိမ့်မယ် ကြိုက်တာရွေး"
" ဝိုးးး အများကြီးပဲဟ ဒါပေမယ့်ဟိုတစ်ခါ Minari ဆော့တာအဲလိုမရှိပါဘူး "
" ဘယ်ရှိမလဲ အဲတာက Survival mode လေ Chaeng ကခုမှစဆော့တဲ့ ကလေးပေါက်စမို့ Creative mode လုပ်ပေးထားတာ "
" အားးး တကယ်ပဲ လူကိုအထင်သေးလိုက်တာ အဲလောက်လေးများ ဆော့တတ်ပါတယ်နော် "
" ညရောက်ရင် Zombie ကိုက်လို့တန်းသေမှာကိုများ "
" လာ အဲ Zombieကိုပြန်ကိုက်ပစ်မယ် လုပ်ပေး အဲဒီ Mode "
VOUS LISEZ
| Dear Miss Librarian | | Michaeng |
Fanfictionရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung