| Dear Miss Librarian | [ THREE ][ Unicode ]

1.1K 109 12
                                    

| Dear Miss Librarian | [ THREE ]

Chaeyoung's POV

နောက်နေ့တွေကစပြီး Tzuyu တစ်ယောက်စာကြည့်တိုက်ကိုနေ့တိုင်းလိုက်လာတော့သည် ။အကြောင်းပြချက်ကတော့ နှစ်ခုမရှိပေ။ စာမဖတ်ခင် Cafe လေးမှာဝယ်ရတာက သူမအကြိုက်ဆုံးအပိုင်းတောင်ဖြစ်လောက်တယ်။ နောက်ပြီး ထိုင်ငေးနေရတာကတော့ ဒုတိယအကြိုက်ဆုံးပေါ့ ။

ကျွန်မအခြေအနေနဲ့တောင်နည်းနည်းခပ်ဆင်ဆင်ဖြစ်လာတဲ့ Tzuyuကြောင့် အဖော်ရသွားသလိုပင် ။ စာကြည့်စားပွဲလေးမှာထိုင်ပြီး Cafe ဘက်ကိုငေးနေတဲ့သူမနဲ့ Reception ကိုငေးနေတဲ့ကျွန်မတို့ကတော့ အဝေးကနေမြတ်နိုးရတာကိုကြိုက်တဲ့သူတွေလိုပင် ။

ဒါပေမယ့် Tzuyu နဲ့ကျွန်မ မတူတဲ့တစ်ချက်ကတော့ Sana ကသူမကိုသဘောကျတယ်ဆိုတာ သိသာနေတာပင် ။ သိသာတယ်ဆိုတာမှ အတော်လေးကိုသိသာတာပင် ။ ကျွန်မ​ရှေ့မှာပေါ်တင်ဆွဲဆောင်နေတဲ့ အချိန်တွေဆို ဘယ်နားပြေးပုန်းလိုက်ရမှန်းမသိအောင်ကိုဖြစ်ရသည် ။

Mina ကတော့ ကျွန်မကိုစာကြည့်တိုက်ကိုစာလာဖတ်တဲ့မိတ်ဆွေတစ်ယောက်လို့သာ သတ်မှတ်တာမို့ Tzuyu ရဲ့အခြေအနေနဲ့ကွာခြားရခြင်းပင် ။ ဒါပေမယ့်လည်း ပိုင်ဆိုင်လိုခြင်းအလျင်းမရှိတာမို့ တစ်စိမ့်စိမ့်မြတ်နိုးနေရတာလေးကိုသာ နှစ်သက်လှပါသည် ။

Tzuyu အတွက်ဝမ်းသာမိတာတော့အမှန်ပင် ။ နောက်နေ့တွေလိုက်လာပြီးတဲ့အခါမှာတော့ Sana အပေါ်ကိုစိတ်ယိုင်နေတယ်ဆိုတာကို သူကိုယ်တိုင်ဝင်ခံခဲ့လေရဲ့ ။ ဒါဟာတကယ်တော့လုံးဝကိုမထင်မှတ်ထားတဲ့အရာပင်။ ကျောင်းတုန်းကတည်းကအေးဆေးနေတတ်တဲ့သူက Sana ရဲ့ညှို့ယူအားအောက်မှာ ခဏလေးအတွင်းကျရှုံးသွားခဲ့ရတယ်တဲ့လား ။

ရက်ပိုင်းသာရှိသေးပေမယ့် သူတို့နှစ်ယောက်ကတော့ အတော်ရင်းနှီးနေပြီဖြစ်သည် ။ တစ်ခါကအအေးသွားပြင်မယ်ဆိုပြီး တော်ရုံနဲ့ပြန်မလာတဲ့ရက်တစ်ရက်ရှိခဲ့ဖူးသည် ။ ကြည့်လိုက်တဲ့အခါမှာတော့ သူမကပျော်ပျော်ကြီး Sana နဲ့စကားပြောနေလေရဲ့ ။

Sana ကဘဲချဉ်းကပ်လွန်းတာကြောင့်လား... Tzuyu ကဘဲထိုအရာကိုကြိုက်နေတာကြောင့်လားတော့မသိ နှစ်ယောက်သားကအဆင်ပြေချက်ပင် ။

| Dear Miss Librarian |  | Michaeng |Where stories live. Discover now