|Dear Miss Librarian| [Fourteen] [ Zawgyi ]

537 30 7
                                    

| Dear Miss Librarian | [Fourteen] [ Zawgyi ]

ခေါင်းကတဆစ်ဆစ်ကိုက်နေတာမို့ ဘယ်လိုမှဆက်အိပ်လို့်ရတော့ပေ..။ မျက်လုံးကိုတင်းတင်းမှိတ်ထားပေမယ့် နာကျင်မှုကမသက်သာသွား..။

နောက်ဆုံးတော့မတတ်နိုင်ဘဲ အိပ်ရာထဖို့သာပြင်ရတော့သည်..။ မျက်လုံးကိုမဖွင့်သေးဘဲ ဟိုဘက်ဒီဘက်လှိမ့်ဖို့ လုပ်လိုက်ပေမယ့် ကိုယ့်လက်ကတစ်ခုခုကိုဖက်ထားမိသလို..။

မှတ်မိသလောက်ကတော့ အိပ်ရာထဲမှာဖက်လုံးလည်းမရှိနေခဲ့ပါ..။ မျက်မှောင်ကျုံ့ပြီး မျက်လုံးဖွင့်ကြည့်မိတော့ အမြင်အာရုံတွေကဝေဝါးနေဆဲ..။

တစ်အောင့်လောက်ကြာတော့မှ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခေါင်းကိုက်တာတွေကို ပင်လယ်လှိုင်းနဲ့ဆေးပစ်လိုက်သလို..။

အေးအေးချမ်းချမ်းနဲ့အိပ်ပျော်နေတဲ့ သူမမျက်နှာလေးက ကြည်လင်လို့..။လူတစ်ယောက်က အိပ်နေတဲ့အချိန်မှာတောင် အဲလောက်လှလို့ရသလား..။

အခြားသူတွေတော့မသိပေမယ့် Myoui Mina ဆိုတဲ့ကောင်မလေးကတော့ လှရက်လွန်းသည်..။ စိတ်လွတ်ပြီးငေးကြည့်နေမိတဲ့အချိန်မှာ သတိရလာတာက

" နေပါဦး သူကဘယ်လိုလုပ်ဒီရောက်နေတာလဲ ငါကဘယ်ရောက်နေတာလဲ "

ပြာပြာသလဲနဲ့အခန်းကိုဝေ့ဝိုက်ကြည့်မိတော့ သူမအခန်းမဟုတ်နေတာမို့ တော်သေးသည်..။ မနေ့ညကမူးမူးနဲ့ သူမအခန်းထဲများရောက်သွားလားလို့တွေးမိတော့ ခေါင်းမီးတောက်သွားရသည်..။

ဒါပေမယ့် သူမကဘာကြောင့်ကိုယ့်အိပ်ရာပေါ်ရောက်နေတာပါလိမ့်..။ ကိုယ့်လက်ကလည်း သူမခါးကိုဖက်ထားတာကို သတိထားမိတော့ မျက်လုံးပါပြူးသွားရသည်..။

မနက်မိုးလင်းလင်းချင်း ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိ.. ခေါင်းကိုက်တာလည်း ဘယ်ရောက်သွားမှန်းတောင်မသိ..။ အခြေအနေကိုပြန်သုံးသပ်ရအောင်လည်း မနေ့ညက Momo နဲ့စကားပြောပြီးတဲ့အထိဘဲမှတ်မိသည်..။

" နင်မူးရူးနေအောင်သောက်ချင်ဦး Son Chaeyoung "

အသားယူသလိုဖြစ်မှာစိုးတာကြောင့် လက်ကိုဖယ်လိုက်ချင်ပေမယ့် သူမလက်နဲ့ဖိထားတာမို့ အဆင်မပြေ..။ နိုးသွားမှာလည်းစိုးတာမို့ဒီတိုင်းလေးသာဆက်ထားရင်း ခဏတာငြိမ်နေမိသည်..။

| Dear Miss Librarian |  | Michaeng |Onde histórias criam vida. Descubra agora