《 1 》

7.9K 567 10
                                    

[Unicode]
မနက်ခင်းကုမ္မဏီသို့ရောက်သည်နှင့်ကင်မ်ထယ်ယောင်းတစ်ယောက်အလုပ်များအားဇယ်ဆက်သလိုလုပ်နေရသည်။သူဌေးဖြစ်သူစိတ်ဆိုးနေသဖြင့်ကိုယ်နှင့်ဆိုင်ဆိုင်မဆိုင်ဆိုင်တွေ့ရာအလုပ်အားဆွဲ​လုပ်ရသည်။မလုပ်လျှင်လစာဖြတ်မည်ဟူသောမန်နေဂျာအမ၏တစ်ချက်လွှတ်အမိန့်ကြောင့်မည်သူမှအသံမထွက်ရဲပေ။

အပ်ကျသံပင်မကြားရသည့်အပြင်တစ်ရုံးလုံးမှာအလုပ်ကိုသာသည်းကြီးမည်းကြီးလုပ်နေကြ၏။ထယ်ယောင်းခမျာယနေ့မှအလုပ်စဆင်းသူမို့မည်သည့်အလုပ်ကိုမည်သို့လုပ်ရမှန်းမသိပါ။မလုပ်လျှင်လည်းယခုမှရသည့်အလုပ်လေးမှာတန်းပြုတ်သွားနိုင်သည်မို့စာရွက်တစ်ရွက်ယူကာစိတ်လိုလက်ရလျှောက်ခြစ်နေလိုက်သည်။

မသိသူကြည့်လျှင်အလုပ်လုပ်နေသယောင်ထင်ရသည်မို့ထယ်ယောင်းအားတစ်ဉီးတစ်ယောက်မှအရေးလုပ်ပြီးကြည့်မသွား။သူဌေးဆိုသည်မှာလည်းတစ်ခါမှမမြင်ဖူးသူဖြစ်သည့်အပြင်စိတ်ဆိုးနေသည်ဟုပြောကြသဖြင့်မဆီမဆိုင်ပင်အပြစ်တင်မိသွားသည်။

အဲ့သူဌေးကဘာလဲဟ...ငါအလုပ်စဆင်းတဲ့နေ့မှစိတ်ဆိုးရတယ်လို့...။အဲ့တော့ငါကအခုဘာလုပ်ရမှာလဲ...။မသိဘူးကွာ...ဒီအတိုင်းထိုင်နေရတာလည်းပျင်းလာပြီ...သန့်စင်ခန်းသွားလိုက်ဉီးမယ်...။

အတွေးနှင့်အတူထိုင်နေသည့်ထောင့်ကျကျစားပွဲခုံမှထကာသန့်စင်ခန်းဘက်သို့လှမ်းထွက်လာခဲ့သည်။အကုန်လုံးမှာမရှိသည့်အလုပ်ကိုသာကုန်းရုန်းလုပ်နေကြသည်မို့ထယ်ယောင်းထွက်သွားသည်အားမမြင်လိုက်ကြပေ။ထို့ကြောင့်သန့်စင်ခန်းသို့သာအေးအေးလူလူထွက်လာလိုက်သည်။

"အဟင့်!...အဟင့်!...''

သန့်စင်ခန်းနားအရောက်တွင်ကြားလိုက်ရသောအော်သည်းသံ​တစ်ခုကြောင့်ထယ်ယောင်းခမျာထိတ်လန့်မိသွား၏။သစ္စာရှိသည့်ခန္ဓာကိုယ်မှာချက်ချင်းဆိုသလိုကြက်သီးမွှေးညှင်းများထောင်ထလာခဲ့သည်။အလုပ်စဆင်းသည့်ပထမဆုံးရက်တွင်ပင်ထူးထူးဆန်းဆန်းဖြစ်ရပ်များကြုံနေရသည်မို့လူမှာသိပ်မဟန်ချင်တော့။

သရဲတော့မဟုတ်လောက်ပါဘူးနော်...။မဟုတ်လောက်ပါဘူး...။စိတ်အေးအေးထားထယ်ယောင်း...စိတ်အေးအေးထား...။ဘာမှမဟုတ်ပါဘူး...စိတ်ထင်နေတာဖြစ်မှာပါ...။

ADORABLE hyung [Completed]Donde viven las historias. Descúbrelo ahora