[Unicode]
အငွေ့တထောင်းထောင်း ထွက်နေသော ကပ်ပချီနိုနှစ်ခွက်ဟာ နာမ်ဂျွန်းရှေ့မှ စားပွဲဝိုင်းလေးထက် ငြိမ်သက်စွာဖြင့် တည်ရှိနေလို့ရယ်။
ထိုထဲမှတစ်ခွက်ကို ခေါင်းငုံ့ကာထိုင်နေသော အကောင်ပေါက်လေးထံသို့ လွှဲပေးရန်ပြင်မိပါတော့ နာမည်နေရာတွင် ထစ်သွားရသည့် အဖြစ်။
"သုံးဆောင်ပါအုံး...အယ်!..."
သေလိုက်ပါတော့နာမ်ဂျွန်းရယ်...
မင်းဟာက first expression မှာတင် down နေပြီဟ...down နေပြီ...။အံတစ်ချက်ကြိတ်လို့ ကိုယ့်ကိုယ်ကိုယ် ကြိတ်အော်ငေါက်မိသည်မှာ...
"ေ-ာက်-ျီးပဲ..." ဟူ၍။
ထိုသို့သည်းတွားနေခိုက်မှာပင် ဖြတ်ခနဲထွက်ပေါ်လာသော စကားသံလေးကြောင့် နာမ်ဂျွန်းမျက်လုံးများမှာ အရှေ့ဘက်တည့်တည်သို့ ၉၀ ဒီဂရီအနေအထားဖြင့် အလိုလိုရောက်ပြီးသား။
"ဆော့ဂျင်ပါ...ကျွန်တော့်နာမည် ကင်မ်ဆော့ဂျင်ပါဗျ..."
ရင်ဘတ်ကို လက်တစ်ဖက်နဲ့ဖိထားပြီး ဆိုလာပုံကအစ နာမ်ဂျွန်းမျက်လုံးထဲမှာ ကြည့်ကောင်းနေတာ။
မင်းက အကြည့်ခံရဖို့အတွက်
မွေးဖွားလာတဲ့လူများလားကွာ...။စတွေ့ပါပြီဆိုတည်းက
ငါ့မျက်လုံးတွေ မင်းဆီကနေ
အကြည့်မခွာနိုင်တာတော့ အမှန်ပဲ...။"အာ!...ကင်မ်ဆော့ဂျင်တဲ့လား...မျိုးရိုးခြင်းလာတူနေတာပဲ..."
"အဲ့ဒါဆို အစ်ကို့နာမည်က ကင်မ်နာမ်ဂျွန်းလား..."
"အင်း...ဟုတ်တယ်လေ...ဆော့ဂျင်က အစ်ကိုနာမည်ကို ဘယ်လိုသိနေတာလဲ..."
နာမ်ဂျွန်းမေးလိုက်တော့ မျက်လုံးလေးလှန်တင်ကာ စဉ်းစားနေပြန်သည့် လူသားငယ်။
ကော်ဖီ ဝယ်တိုက်ခိုင်းခဲ့မိတာ
မှန်နေတယ်နဲ့ တူပါတယ်...။ထယ်လေးအခန်းက အထွက်တွင် အင့်ခနဲဝင်တိုက်ခံလိုက်ရရာမှ အစပြုခဲ့သည့် တွေ့ဆုံမှုအား အမှတ်တမဲ့ဆိုသည့်ခေါင်းစဉ်အောက်တွင် နာမ်ဂျွန်းအဆုံးမသတ်ချင်ပါ။
ČTEŠ
ADORABLE hyung [Completed]
Fanfikce[Unicode & Zawgyi] • • • • • [Unicode] တလွဲတချော်လုပ်တက်တဲ့ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးတစ်ယောက်ဂျွန်းဂျောင်းဂုဆိုတဲ့ဘီလီယံနာသူဌေးကြီးထံမှာကလေးထိန်းဖို့ဖြစ်လာတဲ့အခါ... [Zawgyi] တလွဲတချော်လုပ်တက်တဲ့ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးတစ်ယောက်ဂျွန်းဂျောင်းဂုဆိ...