Extra - 9

1K 58 22
                                    

[Unicode]

"ကလင်ကလင်~...ကလင်ကလင်~..."

ခန်းလုံးပြည့်ဝင်ရောက်လာသော ဘဲလ်သံကျယ်ကျယ်ကြောင့် အနွေးဓာတ်လှုံရန်ပြင်နေသည့် ဂျောင်းဂုခန္ဓာကိုယ်မှာ စောင်ကြီးမလျက်သားဖြင့် တန့်သွားရပေသည်။

ကျစ်! မနက်စောစောစီးစီးကွာ...။

"ကလင်ကလင်~...ကလင်ကလင်~..."

"ကလင်ကလင်~...ကလင်ကလင်~..."

ဘယ်လိုဇာတ်ရှုပ်တွေလဲကွာ...-ီး!!...။

ကိုယ်မှမထလျှင် မြည်နေသောအသံမှာ ရပ်တော့မည်မဟုတ်တာမို့ လက်မောင်းပေါ်မှအသည်းညှာလေးအားချကာ ထဖို့ရာပြင်ရပါ၏။

ဒါတောင်တအီးအီးလုပ်ချင်နေသေးသည့် ကာလနဂါးလေးကြောင့် ခန္ဓာကိုယ်အား တပတ်လှည့်ဖို့အတွက် မတက်သည့်ကိုယ်ဖော့ပညာအား ဖျစ်ညှစ်ကာသုံးလိုက်ရသေးတာ။ တစ်ဖက်ကုတင်စွန်းမှာ စက်တော်ခေါ်နေသည့် ကာလနဂါးအသေးစားလေးမှာလည်း အုတ်နံရံဖြူဖြူကြီးအား မတော်ရသေးသည့်ချစ်သူမှတ်နေလားမသိ။ တပြွတ်ပြွတ်နှင့်နမ်းနေတာ မပြီးနိုင်တော့။

ဦးဆုံးအနေဖြင့် ညောင်းညာနေသော အကြောအချဉ်များကို အရင်ဆန့်ထုတ်ကာ အကြောဖြေရသေးပါ၏။ ပြီးကာမှ မပွင့်တပွင့်မျက်လုံးများကို အတင်းအားယူဖွင့်ပြီး အသံလာရာကို လိုက်ရှာရသည့်ဖြစ်ခြင်း။ မြစ်ဖျားခံရာနေရာမှာ တစ်ခြားမဟုတ်၊ ကုတင်ဘေးရှိ စားပွဲပုလေးပေါ်က တွဲလောင်းကျနေသည့် ဝါကျင့်ကျင့်ကြိုးဖုန်းထံမှဖြစ်ရာ မျက်ခုံးများပင်တွန့်ချိုးသွားရသလို။

Service phone က ​ဒီလောက်အစောကြီးမှာ ဆက်စရာအကြောင်းရှိလို့လား...။

"ကလင်ကလင်~...ကလင်ကလင်~..."

ခါးထောက်စဉ်းစားနေခိုက်မှာတင် ထပ်မံမြည်လာပြန်သည့် အဝင် call ကြောင့် ဆံစများအား ခပ်ကြမ်းကြမ်းသပ်တင်လျက်မှ ဖုန်းကိုင်ခြင်းဆီသို့...

"ဟယ်လို...ဂျွန်းဂျောင်းဂု​ပြောနေပါတယ်..."

📞 : "ဟုတ်ကဲ့...ခဏကိုင်ထားပေးပါရှင်..."

"ဘာလားဟ~...သူပဲဆက်ပြီး ငါ့ကိုခဏကိုင်ထားတဲ့...လာနောက်နေတာလား..."

ADORABLE hyung [Completed]Tahanan ng mga kuwento. Tumuklas ngayon