《 3 》

5.2K 435 11
                                    

[Unicode]
တစ်လှမ်းခြင်းရွေ့လျားနေသောခြေလှမ်းများအားကြည့်ကာအမှတ်စဉ်ရေတွက်ရသည်ကိုထယ်ယောင်းတစ်ယောက်သဘောတွေ့နေသည်။အိမ်ပြန်ရောက်ရန်လည်းသိပ်မလိုတော့တာမို့ခပ်ဖြေးဖြေးသာလျှောက်နေမိသည်။ထိုအချိန်တွင်အရှေ့ဘက်မှလူသဏ္ဌာန်တစ်စုံတစ်ရာနှင့်ဝင်တိုက်မိလေသည်။

"အ!..."

"အာ!...အဆင်ပြေရဲ့လားဗျာ့...ဟင်!... မင်း!...မင်းထယ်ယောင်းမို့လား!..."

မိမိရှေ့မှနေ၍အလန့်တကြားမေးလာသူကြောင့်ထယ်ယောင်းခေါင်းမော့ကာကြည့်လိုက်မိသည်။မိမိထက်အရပ်အနည်းငယ်ပုကာနှာတံသေးသေးနှုတ်ခမ်းဖူးဖူးနှင့်ချစ်စဖွယ်ကောင်လေးအားမရှေးမနှောင်းတွေ့လိုက်ရ၏။အလယ်ခွဲကာဘေးနှစ်ဖက်သို့ချထားသည့်ငွေမှင်ရောင်ဆံပင်များမှာထိုကောင်လေးအားပိုကာနုပျိုစေသယောင်။

"ဟုတ်ပါတယ်...ကျွန်တော့်နာမည်ကင်မ်ထယ်ယောင်းပါ..."

"မင်းငါ့ကိုမမှတ်မိဘူးလားကွ..."

ဉီးနှောက်အတွင်းမှအနည်းငယ်ခပ်ရေးရေးရှိလာသောထိုမျက်နှာလေးကြောင့်ထယ်ယောင်းတို့စဉ်းစားရချေပြီ။မမှတ်မိဘူးပြောလိုက်လျှင်စိတ်မကောင်းဖြစ်သွားမည်စိုးသဖြင့်အလျှင်အမြန်ပင်ဉီးနှောက်အားအလုပ်ပေးရသည်။အထက်တန်းတက်စဉ်အချိန်ကရင်းနှီးခဲ့ဖူးသောထိုမျက်နှာပိုင်ရှင်ကြောင့်ထယ်ယောင်းလက်ဖျောက်တစ်ချက်တီးကာစကားဆိုလိုက်သည်။

"ဂျီမင်း!...ဂျီမင်းမို့လား!..."

"မင်းမှတ်မိသားပဲ...ဟုတ်တယ်...ငါပက်ခ်ဂျီမင်းလေ..."

ထိုကောင်လေးပြန်ပြောလာသောစကားအားကြားမှထယ်ယောင်းကိုယ့်ကိုယ်ကိုပြန်ချီးကျူးမိသွားသည်။အရမ်းတော်လွန်းသည့်ဉီးနှောက်လေးအားရွှေချထားရမည်ထင်သည်။ခင်မင်ရင်းနှီးသည့်သူငယ်ချင်းအားပြန်တွေ့ရသည်မို့ထုံးစံအတိုင်းတစ်ခွက်တစ်ဖလားချရန်ရည်ရွယ်လိုက်သည်။

"ငါတို့အထက်တန်းပြီးတည်းကမတွေ့ရတာနော်...အခုဆိုတော်တော်တောင်ကြာပြီပဲ..."

"အင်း...ဟုတ်တယ်နော်..."

"ပက်ခ်ဂျီမင်း!...ငါတို့ပြန်တွေ့တဲ့အထိန်းအမှတ်အနေနဲ့သွားသောက်ကြမလား..."

ADORABLE hyung [Completed]حيث تعيش القصص. اكتشف الآن