[Unicode]
နေခြည်သာလို့ ရီဝေပြာနေသည့် မှိုင်းပြပြကောင်းကင်ကြီးမှာ တိမ်ကင်းစင်လျက် ကြည်လင်နေသည်မို့ သာသာယာယာရှိလှသည်ဟု ဆိုရပေမည်။ ရွှေစင်သွန်းနေသော နေလုံးနီနီကြီးရှေ့တွင် ပြာပြာ၊ ဝါဝါ ငှက်ကလေးတို့ လေဆန်သို့ချီတက်ကာ ပျံသန်းနေကြပုံမှာ လက်ရာမြောက်သည့် ပန်းချီကားတစ်ချပ်အား ကြည့်နေရသည့်နှယ်။ ပြည့်စုံလွန်းလှပေ၏။ ထိုမြင်ကွင်းသာ တကယ့်ပန်းချီကားတစ်ချပ် ဖြစ်ခဲ့လျှင် ရွှေဘောင်ကွပ်လို့ အိမ်နံရံထက်တွင် အပြေးလေးချိတ်ဆွဲမိမည်မှာ မလွဲမသွေပင်။
ယခုတွင်တော့ ပန်းချီကားမဟုတ်သည့် သဘာဝဖြစ်ရပ်တစ်ခုအား နှမျောတသဖြင့် ငေးမောကြည့်ကာ ကြည်နူးနေယုံသာ တက်နိုင်ပေသည်။
"အသိုက်အဝန်းနဲ့နေရတဲ့ ခံစားမှုက ဒီလိုမျိုးပါလား...တကယ်နွေးထွေးတာပဲနော်..."
ငှက်သားပေါက်တစ်အုပ် အပျံသင်နေကြသည့် မြင်ကွင်းငယ်အား ကြည့်လျက်မှ ထယ်ယောင်းရေရွတ်မိပါသည်။ မိုင်ပေါင်းများစွာ ဝေးကွာနေသည့်တိုင်အောင် ငှက်မိသားစုထံမှ နွေးထွေးမှုအား ရင်ထဲမှလှိုက်ကာ ခံစားလိုက်ရသဖြင့် မျက်ရည်ပင် ဝဲသွားသယောင် ရှိ၏။ ခပ်ထူထူမှန်သားပြင်မှာလည်း စစ်မှန်လွန်းသည့် မေတ္တာတရားကိုတော့ဖြင့် ကာကွယ်ခြင်းမပြုနိုင်ဘူးထင်ပ့။ အဝေးတစ်နေရာမှ မတ်တပ်ရပ်ကာ ကြည့်နေသည့် ထယ်ယောင်းကိုပင် မဆီနှင့်မဆိုင်စွာ မျက်ရည်ဝဲလာစေသည်မို့ ခပ်ဟဟဖြင့် ပြုံးမိပါသေးသည်။
ငှက်လေးတွေရေ...
မင်းတို့က သိပ်ကံကောင်းပါတယ်ကွာ...။ လူဖြစ်ရပြီး ငယ်ငယ်တည်းက မိစုံ၊ ဖစုံမနေခဲ့ရတဲ့ ငါ့ထက်စာရင် သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေရတဲ့ မင်းတို့ဘဝလေးတွေက အများကြီးပိုသာပါတယ်ကွ...။မိမိဆီမှ အာရုံအလုံးစုံကို အားထုတ်စရာမလိုပါပဲ ဖမ်းစားသွားနိုင်သော ထိုပုံရိပ်ငယ်လေးမှာ အထူးတလည် မှတ်တမ်းတင်ခြင်း ခံရဖို့အတွက် ထိုက်တန်လှသည် မဟုတ်ပါလော။ ထိုအတွက်ရှေးရှုကာ ပြုမိသည်က လက်ချောင်းများကို အသုံးပြုလျက် ကင်မရာပုံစံလေးပြုလုပ်ကာ ဓာတ်ပုံရိုက်သလိုမျိုး ဆောင်ရွက်လိုက်ခြင်းပင်။

BINABASA MO ANG
ADORABLE hyung [Completed]
Fanfiction[Unicode & Zawgyi] • • • • • [Unicode] တလွဲတချော်လုပ်တက်တဲ့ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးတစ်ယောက်ဂျွန်းဂျောင်းဂုဆိုတဲ့ဘီလီယံနာသူဌေးကြီးထံမှာကလေးထိန်းဖို့ဖြစ်လာတဲ့အခါ... [Zawgyi] တလွဲတချော်လုပ်တက်တဲ့ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးတစ်ယောက်ဂျွန်းဂျောင်းဂုဆိ...