[Unicode]
ရောက်မလာသေးတဲ့ တူတစ်ဝမ်းကွဲနှင့် ဖင်တကြွကြွဖြစ်နေသောအဖေတို့ကြား ပတ်လည်ရိုက်နေရသူမှာ နှစ်ယောက်မရှိသည့် ကင်နာမ်ဂျွန်း, မိမိသာ။
"အေးဆေးထိုင်နေပါအဖေရယ်..."
"ငါ့ဘာသာထနေတာ မင့်ဘာထိခိုက်နေလို့လဲ...ဘာ~ အလကားနေလိုက်ပိတ်ပင်နေတာ..."
ဖွာကျယ်ကျယ်အဖေ့အော်သံအဆုံး လှမ်းတားရန်ပြင်နေသော နာမ်ဂျွန်းမျက်နှာကြီးမှာ လငပုပ်ဖမ်းသွားရပေသည်။
ခုနတည်းက
တိတ်တိတ်လေးနေလိုက်ရမှာ...အခုတော့ ပြောရင်းဆိုရင်းကို
အငေါက်ခံလိုက်ရပြန်ပြီ...။ပြောရင်လည်းမကြိုက်၊ မပြောတော့လည်း လူမြင်မကောင်းအောင် ပြာယာနေလိုက်နှင့် ကမ္ဘာခိုက်နေသောအဖေမှာ နာမ်ဂျွန်းအတွက်တော့ အဖြေမဲ့နေသည့် ပုစ္ဆာတစ်ပုဒ်လိုပင်။ ညီမျှခြင်း၏တစ်ဖက်ခြမ်းတွင် ခြေချစရာ ပိုင်းခြေတစ်ခုစီ ရှိနေခဲ့လျှင်လည်း ဘဲခြေ၊ စားခြေခြေပစ်ကာ အဖြေထုတ်လိုက်လို့ရသေးသည်။ ယခုမတော့ ပိုင်းခြေမဲ့နေသည့် သီးခြားပိုင်းဝေနှစ်ခုနှင့်သာ တိုင်ပတ်နေရသည့်ဖြစ်ခြင်း။ တစ်ဖက်ခြမ်းတွင် မသိကိန်း x ရှိလျှင်လည်း အကောင်းသား။
အဲ့လိုဆို ချက်ချင်းအဖြေထွက်သွားမှာကို အခုတော့ အင်တင်တင်ကြီးနဲ့ တိုင်ပတ်နေရတယ်ကွာ...ငါ့နှယ့်...။
ပြောမရသည့် မျိုးတူဘသားအား ဆက်ခွန်းတုံ့ဆိုမနေတော့ပဲ သဘောရှိ၊ မနောရှိပျော်စေရန် မျက်ကွယ်ပြုထားလိုက်ပါ၏။
လက်ရှိအရေးကြီးနေသည်မှာ ယခုချိန်ထိ တောင်ပေါ်ချက်စ်ကျောင်းထံသို့ ရောက်မလာသေးသော တူတော်မောင်တို့အတွဲအကြောင်းပင်။ ပွဲစမည့် ၉ ခွဲမှ အမှီမရောက်လျှင် ပြင်ဆင်ထားသမျှမှာ အကုန်အလကားဖြစ်တော့မှာဖြစ်ပြီး ငပွေးကောင်ဂျောင်းဂုနှင့် မိမိတို့သားအဖ လက်ဝါးချင်းရိုက်ကာကြံရွယ်ထားသော big project ကြီးမှာ အကြီးအကျယ်ကို ပျက်တော့မှာဖြစ်သည်။ တက်နိုင်သရွေ့ကတော့ အဘယ်လိုမှ ထိုသို့အဖြစ်ခံမည်မဟုတ်။
မိုးနတ်မင်းကြီးရယ်...
ကျေးဇူးပြုပြီး ထယ်ယောင်းတို့အတွဲကို ဒီဘုရားကျောင်းလေးထံရောက်အောင် အမြန်ခေါ်လာပေးတော်မူပါ...။

CITEȘTI
ADORABLE hyung [Completed]
Fanfiction[Unicode & Zawgyi] • • • • • [Unicode] တလွဲတချော်လုပ်တက်တဲ့ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးတစ်ယောက်ဂျွန်းဂျောင်းဂုဆိုတဲ့ဘီလီယံနာသူဌေးကြီးထံမှာကလေးထိန်းဖို့ဖြစ်လာတဲ့အခါ... [Zawgyi] တလွဲတချော်လုပ်တက်တဲ့ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးတစ်ယောက်ဂျွန်းဂျောင်းဂုဆိ...