Extra - 6.5

1.2K 90 38
                                    

🚨 [Unicode] 🚨

"အဲ့အတိုင်းပဲ ထိုင်နေတော့မှာလား ကင်မ်ထယ်ယောင်း!..."

သံကုတင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေသော ကျောက်ရုပ်လူသားမှာ ဒီတစ်သက်ပြန်လှုပ်လာမည့်ပုံ မရှိတော့သဖြင့် ဂျောင်းဂုဘက်မှပဲ စကားစလိုက်ရသည့် ဖြစ်ခြင်းရယ်ပါ။ ဒါတောင် ခန္ဓာကိုယ်လေး တစ်ချက်တုန်သွားယုံသာ။ လည်ပင်းသားနှင့် ထိစပ်သည်အထိ ငုံထားသော ခေါင်းမှာတော့ ယခုအချိန်ထိ မော့လာခြင်းမရှိသေး။ ပုံစံကြည့်တော့သာ ဆေးပိုက်တန်းလန်းနဲ့ ဖြူဖျော့ဖျော့။ ခေါင်းကြောကတော့ မိမိ six pack ထက်ပင် မာနေသေးတာ။

"ကင်မ်ထယ်ယောင်း!!..."

"...."

အသက်ငင်နေသူများရှိလျှင် ဝိဉာဉ်ပါတစ်ခါတည်းလွင့်သွားနိုင်သည့် လေသံမျိုးဖြင့် အော်လိုက်တာတောင် ထို hyung ပေါက်စထံမှ attention ရမလာခဲ့။

ကျစ်...ဘယ်သူနဲ့တူလို့
ဒီလောက်ပြောရခက်နေတာလဲကွာ...။

"ရတယ်လေ...မင်းဘက်က စကားပြန်မပြောမှတော့ ငါဘက်ကလည်းအကျီမဝတ်ပဲ နေလိုက်ယုံပေါ့...အပူချိန် ၆ ဒီဂရီဆဲလ်စီးရပ်ပဲရှိတဲ့ ဒီဆေးရုံခန်းထဲမှာ ငါအအေးပတ်ပြီးသေသွားလည်း မင်းအတွက် ကိစ္စမရှိဘူးမလား..."

ခြိမ်းခြောက်ဟန်စွက်နေသည့် စကားမျိုးဖြင့် အကျပ်ကိုင်ပြောမိပါမှ ခေါင်းမော့လာတဲ့ လူသားငယ်ဟာ ဇီးရွက်သာသာမျက်နှာလေးနဲ့။

"တော်ပြီလေ ဂျွန်းရယ်...ဒီလောက်ဆိုတော်ရောပေါ့...ဒီလောက်ခံစားရရင် လုံလောက်ပါပြီ..."

ယခုမှ အိပ်မက်ဆိုးက လန့်နိုးလာတာကို ထပ်ပြီးအိပ်မက်ဆိုးမက်ခိုင်းရန် ကြံရွယ်နေပြန်သော ဂျွန်းရယ်ပါလေ။ ကိုယ့်ရှေ့တည့်တည့်မှာ ကိုယ်အသည်းနင့်အောင်ချစ်ရတဲ့လူတစ်ယောက်လုံး အစိမ်းသက်သက်ကြီး​ သေသွားမှာကိုတော့ဖြင့် ကင်မ်ထယ်ယောင်းတို့ ထိုင်မကြည့်ရက်နိုင်ပါ။ ထိုအစား ကိုယ့်ကိုယ်ကိုယ်သာ ဦးအောင်သတ်သေပစ်လိုက်ပါမည်။ အနည်းဆုံးတော့ ရင်နာစရာမြင်ကွင်းတစ်ခုကို မြင်မသွားရတော့ဘူးပေါ့။

ဂျွန်းအလိုကျ မဟုတ်ပေမဲ့လို့ပေါ့...။

"လုံလောက်တာသေချာလို့လား...အဟက်!..."

ADORABLE hyung [Completed]Tempat cerita menjadi hidup. Temukan sekarang