《 6 》

4.4K 358 39
                                    

[Unicode]
မနက်စာစားပြီးသည်နှင့်ဆော့ချင်ပါသည်ဟုဆိုလာသောဂျောင်းမင်ကြောင့်ထယ်ယောင်းမှာနောက်မှတကောက်ကောက်လိုက်နေရသည်။ယခုလည်းအိမ်ဘေးရှိမြက်ခင်းပြင်တွင်ပြေးလွှားနေသောဂျောင်းမင်အားလိုက်ဖမ်းနေရသည်။ကလေးဖြစ်ပေမဲ့လည်းလှစ်ခနဲဆိုသလိုပြေးသွားသဖြင့်လိုက်ဖမ်းရသည့်ထယ်ယောင်းမှာမလွယ်လှပေ။

"ဂျောင်းမင်ရေ...ဖြည်းဖြည်းပြေးလေ...ဉီးဉီးလိုက်မမှီတော့ဘူး..."

"မှီအောင်ဖမ်းလေဉီးဉီးထယ်ရဲ့ ..."

"တီတီ!..."

နားထဲတွင်ကြားလိုက်ရသောကားဟွန်းတီးသံကြောင့်ဘေးဘီအားကြည့်မိတော့ဆင်ဝင်အောက်တွင်ရပ်ထားသောကားတစ်စီးအားတွေ့ရသည်။ပြောင်လက်နေသောနက်ပြာရောင်ကားမှာဇိမ်ခံကားတစ်စီးမှန်းသိသာလှသည်။ကားဟွန်းတီးသံကြားသောကြောင့်ထင့်သူဌေးမှာအိတ်တစ်လုံးအားဆွဲကာအိမ်ထဲမှလှမ်းထွက်လာသည်။ထိုတော့မှကားခေါင်းခန်းတွင်ထိုင်နေသောဒရိုင်ဘာဖြစ်ပုံရသည့်ဉီးလေးကြီးမှာမှာပြာပြာသလဲဆင်းလာကာသူဌေးအားဆီးကြိုပြုလေသည်။

"ထယ်ရောဂျောင်းမင်ရောခဏလောက်ဒီကိုလာပါဉီး..."

ထယ်ယောင်းကြည့်နေစဉ်မှာပင်လှမ်းခေါ်လာသဖြင့်မျက်လုံးအားအကြည့်လွှဲလိုက်သည်။မိမိကြည့်နေသည်အားသိသွားသည်လားအထင်နှင့်အကြည့်လွှဲလိုက်ခြင်းဖြစ်ပေမဲ့သိဟန်မရသောသူဌေးကြောင့်သက်ပြင်းတစ်ချက်ချကာဂျောင်းမင်ထံသွားလိုက်သည်။ပြေးလွှားနေသောဂျောင်းမင်မှာသူ့ဒယ်ဒီခေါ်နေသည်အားကြားဟန်မတူသည်မို့အနားသို့သွားကာပွေ့ချီလိုက်ရသည်။ထိုတော့မှပြေးသည့်အမှုအားရပ်ကာထယ်ယောင်းကိုမော့ကြည့်လာသည်။

"ဘာလို့လဲဉီးဉီးထယ်...မကစားတော့ဘူးလား..."

"ခဏနေမှပြန်ကစားကြတာပေါ့...ဟိုမှာဂျောင်းမင်ရဲ့ဒယ်ဒီခေါ်နေတယ်ကွ..."

မိမိစကားအားကြားမှလက်ပေါ်တွင်ငြိမ်ကာလိုက်ပါလာသောဂျောင်းမင်မှာဖြူဖြူသေးသေးလေးရယ်။ဂျောင်းမင်လိုယောက်ျားလေးတစ်ယောက်ပင်ထိုမျှလောက်ချစ်ဖို့ကောင်းသည်ဆိုဂျောင်းမင်အမေမှာမည်မျှပင်ချစ်ဖို့ကောင်းနေမည်လဲ။နောက်ကြုံမှဂျောင်းမင်အမေအကြောင်းကိုသူဌေးအားမေးကြည့်ရမည်ဟုတွေးထားသည်။တစ်လံလောက်အကွာရောက်တော့မှဒရိုင်ဘာဉီးလေးကြီးနှင့်စကားရပ်ပြောနေသောသူဌေးအားအသံပြုလိုက်သည်။

ADORABLE hyung [Completed]Donde viven las historias. Descúbrelo ahora