Part 1

4.2K 112 4
                                    

.............................

ချိုချဉ်လေးတစ်လုံးကိုလက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အသက်မရှိတော့တဲ့မိဘတွေကိုကြည့်ကာငိုယိုနေတဲ့ ငါးနှစ်အရွယ်ကလေးတစ်ယောက်။

မိုးစက်များကလည်းသူ့ကိုနှစ်သိမ့်နေသရောင်။ ငါးနှစ်ပဲရှိသေးတဲ့ကလေးလေးက သူ့မိဘတွေအခုထိထားသွားတာကိုမယုံသေးဘူးထင်သည်။

ဘေးကကားလေးထဲမှာတော့ မဖွင့်ရသေးတဲ့ကိတ်မုန့်လေးရယ် မိဘတွေရဲ့ဆုတောင်းစာလေးဟာဖရိုဖရဲလေးတွေနဲ့ မိုးစက်တွေကြောင့်စိုရွှဲကုန်သည်။

အခုချိန်မှာ သူ့ကိုမိုးစက်လေးတွေကလွဲလို့ဘယ်သူကနှစ်သိမ့်နိုင်ဦးမှာလဲ?

..........................

"နိုးလာပြီလား?"

အလှဆုံးသောအပြုံးကိုပြုံးပြကာ ကလေးလေးရဲ့နဖူးပေါ်ကိုလက်တင်လိုက်သည်။

"ချစ်ဖို့ကောင်းလိုက်တာ"

နှာခေါင်းလေးကိုဖွဖွလေးညစ်လိုက်ပြီး ထရန်ပြင်နေသောသူမရဲ့လက်ကလေးကိုထိုကလေးလေးကလက်သေးသေးလေးနဲ့လှမ်းဆွဲလာသည်။

"ပါး...ပါးပါးကော?မားကောဟင်?"

ထိုစကားကြောင့်သူမဟာမျက်နှာတစ်ချက်ပျက်သွားသည်။

"ပါးပါးကေလ ဟိုပေါ်မှာကြည့်နေတယ်တွေ့လား? အဲ့တာကြောင့်သားလေးကလိမ္မာရမယ်နော်။"

"မားမားကကောဟင်?"

"မားမားကလား? မားမားကလည်း ပါးနဲ့အတူ ဟိုးပေါ်မှာရှိနေတယ်လေ။သားနာမည်ကဘာလဲဟင်?"

"သား....သားကရှောင်းကျန့်ပါခင်ဗျ။"

"လိမ္မာတယ်ရှောင်းလေး ဒီနေ့ကစပြီး အန်တီကမင်းရဲ့မားနော်။ လိမ္မာရမယ်နော်။"

"အန္တီက သားရဲ့မားမဟုတ်ဘူးလေ။ မားကဘယ်မှာလဲ ?မားကိုခေါ်ပေး မားကိုခေါ်ပေးလို့!!!"

ငိုယိုကာသောင်းကျန်းနေတဲ့ရှောင်းလေးကြောင့် မနိုင်တော့တဲ့အဆုံးဖက်ထားကာနှစ်သိမ့်ပေးလိုက်သည်။

"ရှောင်းလေး။ရှောင်းကျန့်။မားက မင်းမားရဲ့ သူငယ်ချင်းပဲ။မင်းမားက မင်းကိုစောင့်ရှောက်ခဲ့ခိုင်းတာ။ ဟင်းးး ရှောင်းလေးက မားလို့မခေါ်နိုင်သေးရင်လည်း အန်တီလို့ပဲခေါ်နော်။ အန်တီ့နာမည်က Cristieလို့ခေါ်တယ် ။ရှောင်းလေးက လိမ္မာရမယ်နော်။"

"အွန်း သားကတိပေးပါတယ် အန္တီ"

အိမ်လေးထဲမှာတော့တစ်ယောက်နဲ့တစ်ယောက်ဖက်ကာ နာကျင်မှုတွေပျော်ရွှင်မှုတွေကို အတူမျှဝေတဲ့ ငါးနှစ်အရွယ်ကလေးလေးနဲ့ အသက်နှစ်ဆယ်ကျော် ကောင်မလေးတို့နှစ်ယောက်ကအပြန်လှန်ကတိပေးနေကြလေရဲ့။

............................

ဝါးးး

ဒေါက်....ဒေါက်။

"ရှောင်းလေး နိုးပြီလား?"

"နိုးပါပြီ အန္တီ"

"လိမ္မာလိုက်တာ ရှောင်းလေးက။အန်တီမနက်စာပြင်ထားပေးတယ် စားပြီးရင်ရှောင်းလေးကိုကျောင်းလိုက်ပို့ပေးမယ်နော်။"

"ဟုတ်ကဲ့"

ပိတ်သွားတဲ့တံခါးသံနဲ့အတူရှောင်းလေးဟာ သွက်သွက်လက်လက် နဲ့မျက်နှာသစ်သွားတိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။

"အန္တီ သားဘာလုပ်ကူရမလဲဟင်?"

"အာ မလိုတော့ဘူးရှောင်းလေးရဲ့ အန်တီအကုန်လုပ်ပေးပြီးပြီ စားပြီးရင် အန်တီအဝတ်လုပ်ထားပေးမယ် ဝတ်လိုက်နော်"

"ဟုတ်ကဲ့ အန္တီ"

Cristieက ချစ်ဖို့ကောင်းတဲ့ ရှောင်းလေးရဲ့ခေါင်းကိုပုတ်ပေးပြီး စားပွဲဝိုင်းကထွက်လာခဲ့လိုက်သည်။

ရှောင်းလေးလည်းပျော်ပျော်ရွှင်ရွှင်နဲ့မနက်စာစားနေရင်း နားထဲက ပါးနဲ့မားရဲ့ အသံလေးတွေကိုကြားယောင်လာတာကြောင့်ဝမ်းနည်း လာသည်။

"ပါးပါး မားမား၊ခုဆိုပါးတို့ကသားကိုထားခဲ့ပြီး ပျော်နေမှာပေါ့နော်။သားကကျတစ်ယောက်တည်းနေခဲ့ရတယ်။

ထိုချိန်မှာတော့ မိဘကိုလွမ်းလို့ငိုနေတဲ့ကောင်လေးရယ်ကျောင်းဝတ်စုံပိုက်ကာငိုနေတဲ့ကောင်မလေးကနှစ်ယောက်သားခံစားချက်မတူညီဘဲ အတူတူငိုနေ​​​ကြသ​​​တဲ့။

သာသာလက်ကမငြ်းရင်းဖျက်မိသွားတယ်ပေါ့နော်။ ​ပြန်ရေးထားတာမို့မစုံရင်ခွေးလွှတ်ကြပါ။
.............................
ဂရုလည်းစိုက်ကြပါ
😘😘

.............................










WangWhere stories live. Discover now