Part 6

849 58 5
                                    

❤️♥️❤️

ဝမ်လေးရဲ့ သွေးသောက်ပြီးနောက်ပိုင်း အန်တီက သိသိသာသာ ပြန်ကျန်းမာလာသည်။ဒီကိစ္စကိုတော့ဘယ်သူ့ကိုမှပေးမသိပေ။ ဝမ်လေးအတွက်လျှို့ဝှက်ထားပေးကြသည်။

"ဝမ်လေးရှောင်းလေး ရေဒီမှာအန်တီကွတ်ကီးလေးလုပ်လာပေးတယ် လာကြပါဦး"

သစ်ပင်အိမ်အောက်ကနေ အန်တီ ကလှမ်းအော်တော့နှစ်ယောက်သား ပြေးဆင်းလာကြသည်။

"အန်တီကလည်း ဝမ်လေးစကားဆိုနားမထောင်ဘူး။ဘာလို့အပြင်ထွက်လာတာလဲ အဖျားလည်းအရှင်းမပျောက်သေးပဲနဲ့"

"အေးလေအန်တီလေးကလည်း ဒီမှာဆိုရင်လေစိမ်းအဲ့လောက်တိုက်တာကို"

ကလေးနှစ်ယောက်ဆုံးမနေတာကို အန်တီ ကတော့ပြုံးပြီးသာကြည့်နိုင်သည်။ပြီးတော့မှလုပ်လာတဲ့ ကွတ်ကီးလေးတွေကို ရှောင်းလေးလက်ထဲထည့်ပေးလိုက်သည်။

"ရော့ရှောင်းလေး။မနက်ဖြန်ကြရင်မမေ့နဲ့ဦးနော် ။ဝမ်လေးလည်း အိမ်ကိုလာခဲ့ဦးနော်။"

မနက်ဖြန်က အန်တီ Cristie နဲ့ ဦးလေး james ရဲ့ မင်္ဂလာရက်မြတ်လေး။ရှောင်းလေးကိုရောဝမ်လေးကိုရော အတူတူ ‌ကိုယ့်ရဲ့ မင်္ဂလာပွဲလေးမှာရှိစေချင်ပေမဲ့ ဝမ်လေးကိုမြင်ရင်လူတွေကလန့်သွားမည်စိုးသောကြောင့်မခေါ်ဖြစ်။ cristieက သာစိတ်မကောင်းဖြစ်နေပေမဲ့ ဝမ်လေးကအကုန်နားလည်ပေးရှာသည်။

Cristie ထွက်သွားတော့ ရှောင်းလေးက ကွတ်ကီးတစ်ခုကိုထုတ်ပြီး ဝမ်လေးကိုခွံ့ပေးသည်။

"ဝမ်လေး နက်ဖြန်ကျရင် ဂရုစိုက်ဦးနော်။ညနေကျရင်တွေ့မယ်။"

ပြောရင်းဝမ်‌ေလးရဲ့ပါးလေးနှစ်ဖက်ကိုဆွဲပြီး နှဖူးလေးကိုခပ်ဖွဖွနမ်းလိုက်သည်။

.............................

Next day..

"WoW အန်တီ လှလိုက်တာ။ "

ရှောင်းလေး ပြောတာလည်းသိပ်မှန်သည်။ အဖြူရောင်မင်္ဂလာ ဝတ်စုံနဲ့ အန်တီက အရမ်းလှနေသည်။

"အားယိုး ရှောင်းလေးရယ် မစပါနဲ့တော့။သွး အင်္ကျီသွားလဲဦး။နောက်မကျစေနဲ့နော်။နောက်ကျရင် ဝမ်လေးစောစောပြန်မလာလို့ဆိုပြီး ဝမ်းနည်းနေဦးမယ်"

WangWhere stories live. Discover now