❤️💚❤️.
ဟိုးဟိုး စာလေးဖတ်သွားပါဦး။
သာသာနည်းနည်းလေး ကျော်ပြီးရေးမလို့ပါ။ဘာလို့ဆိုသာသာရေးတဲ့ Fic အားလုံးနီးပါး Complete မဖြစ်တာတွေများလို့ပါ။Complete ဖြစ်ရမယ်ဆိုပြီး ပေါ့ပျက်ပျက်နဲ့မြန်မြန်ပြီးအောင်မရေးပါဘူးနော်။ပေါ့နေရင်လည်းခွင့်လွှတ်ကြပါလို့။ဘာလို့ဆိုသာသာကစာဖတ်တာပဲများပါတယ်။ စာကိုစရေးကြည့်တာမလို့အရေးအသားမကောင်းရင် ခွင့်လွှတ်ကြပါ။.............................
❤️💚❤️.
(အသက်ကျော်လိုက်ပါမယ်နော်)
ဒီနေ့က ရှောင်းကျန့်ရဲ့အသက် ဆယ့်ကိုးနှစ်ပြည့်မွေးနေ့။ ဝမ်ရိပေါ် ကျောက်တုံးလေးတစ်ခုပေါ်မှာထိုင်ရင်း ဂဏာမငြိမ် ဖြစ်နေသည်။
"ဟွန့်ကောကောကလည်းမလာသေးဘူး"
ပြောရင်းဆိုရင်းထရပ်လိုက်တော့
"ဟိုး...အမယ်လေး...ဟောဟဲ..ရောက်ပြီ..ရောက်ပြီ...ကောကောရောက်ပြီ"
"ဟင်?ကောကော ပြေးလာတာလား?ချွေးတွေနဲ့"
"အင်း...ဟောဟဲ...ခနလေး ထိုင်ဦး"
ဝမ်ရိပေါ်လည်း ချွေးတွေရွဲလာတဲ့ ကောကို ချွေးသုတ်ပေးပြီး
"ကောကော။ ဘာလို့ပြေးလာတာလဲ မောနေပြီမလား။"
"ဟင်း...ခုနကစောစောမလာလို့ပွစိပွစိရွတ်နေတာဘယ်သူလဲ?"
"ဟီး...ကောကလည်း "
"အင်းပါ ဝမ်လေးစိတ်မကောက်ရင်ရပြီ"
"အွန်း အမောပြေပြီလား?"
ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက်ရိပေါ်က သူယူလာတဲ့အဝတ်စလေးကိုယူလာပြီးရှောင်းကျန့်မျက်လုံးကိုစည်းလိုက်သည်။
"ဝမ်...ဝမ်လေး ဘာလုပ်နေတာလဲ?"
"ဟီးကောကိုလက်ဆောင်ပေးမလို့လေ"
ပြောရင်းဆိုရင်းရုတ်တရက်ဆွဲထူလာတာကြောင့် ရှောင်းကျန့်ခဗျာရက်ကန်ရက်ကန်ပါသွားရသည်။
............................
ရှောင်းကျန့်အမြင်အာရုံနဲ့မရတော့ အကြားအာရုံအပေါ်အာရုံစုစည်းလိုက်သည်။သူကြားနေရတာက ငှက်ကလေးတွေ အော်သံလေးတွေ။တသွင်သွင်ကျနေတဲ့ရေစီးသံလေးရယ်။ ရှောင်းကျန့်ခိုးပြုံးလိုက်သည်။
YOU ARE READING
Wang
RomanceUnicode and zawgyi ဒီမှာတော့ Fairy ဝမ်လေးကိုတွေ့ရမှာပါနော်🌟 Zhanyi လေးပါ။ စာသိပ်မရေးတတ်လို့ ခွေးလွှတ်ပေးကြပါနော်။ ကြိုးစားပြီးရေးပါ့မယ်❤️❤️