Part5 Zawgyi

156 16 0
                                    


♥️❤️♥️

တစ်ဖြည်းဖြည်းနဲ့ နှစ်တွေလည်းကုန်လို့ ရှောင်းလေးဟာ ဆိုရင်လည်း ၁၃နှစ်ထဲရောက်လာခဲ့ပြီဖြစ်သည်။

အရာအားလုံးဟာသူ့အလိုအတိုင်းသွားနေပေမဲ့ Christie ကတော့ အိပ်ရာထဲလဲနေသောအခြေအနေရောက်နေသည်။ သွေးကင်ဆာရောဂါ ဖြစ်နေသည်ဟုသိလိုက်ရ‌သောနေ့ကစ၍ရှောင်းလေးက အမြဲလိုလိုသူ့နားလာနေပေးသည်။

ကလေးပုကျိလေးကစလို့ ဒီအရွယ်ထိ လူကြီးကို သိတတ်ပေးသောရှောင်းလေးက မပြောင်းလဲ။

အခုလည်းကြည့် ဆန်ပြုတ်တွေလည်း သူကိုယ်တိုင်ခွံ့ပေး၊ ဆေးဆိုလည်းသူကိုယ်တိုင်ပဲတိုက်၊ အသေးအမွှားကအစသူပဲအကုန်လုပ်ပေးသည်။ ညညဆိုရင်လည်း christie နဖူးကိုနမ်းပြီး "အန်တီ မြန်မြန်ကျန်းမာရမယ်နော်" လို့တဖွဖွပြောတတ်သေးသည်။

နေ့လည်နေ့လည်ဆိုရင်လည်း cristieကို အရင်ဝင်ကြည့်ပြီးမှဝမ်လေးဆီသွားသည်။

ဟုတ်ပါ့ ဝမ်လေးဆိုလို့ အဲ့နေ့ကရှောင်းလေး မိတ်ဆက်ပေးလို့သိရသည်။ ဒါတောင်သူကိုယ်တိုင်ပြောလို့မဟုတ် jamesက စစ်မေးလို့သူက သွားသုံးဆယ့်နှစ်ချောင်းဖြီးပြပြီး မှပြောပြတာဖြစ်သည်။ James နဲ့ Cristieလည်း အစကမြင်မြင်ချင်းလန့်သွားပေမဲ့ ရှောင်းလေးနဲ့ဝမ်လေးဆက်ဆံရေးကိုမတားဆီးပါ။ဝမ်လေးကိုလည်းရှောင်းလေးနည်းတူ ချစ်ပေးသည်။

.............................

" အန်တီ ရေ ဦးလေးရေသားပြန်ရောက်ပြီ"

နေ့လည်ကျောင်းဆင်းတာနဲ့ ခြေထောက်က Auto Cristie အခန်းထဲသို့လှမ်းသည်။

အခန်းထဲဝင်လိုက်တာနဲ့ ဆေးနံ့ပေါင်းစုံက သင်းနေတာမို့ ရှောင်းလေး မျက်နှာပျက်သွားသည်။ သူချစ်ရတဲ့အန်တီက နှစ်တိုင်းနီးပါးကိုဆေးနဲ့တောင့်ခံလာတာဖြစ်သည်။

အန်တီလည်းအိပ်နေတာမို့ရှောင်းလေးလည်းတံခါးကိုခပ်ဖွဖွပိတ်ပေးပြီး အခန်းထဲသို့ဝင်ခဲ့သည်။ အဝတ်အစားကိုမြန်မြန်လဲပြီး မီးဖိုချောင်ထဲက ဦးလေး လုပ်ထားပေးတဲ့ ပါမုန့်လေးတွေကိုယူပြီး သစ်ပင်အိမ်ဆီလာခဲ့သည်။

ဒေါက်....

ကျွီ..

"အယ် ရှောင်းကော လာပြီလား"

WangWhere stories live. Discover now