နောက်ဆုံးတော့ Part 10 အထိရောက်ရှိလာပါပြီ😋😋။
.............................
❤️❤️❤️
"ကောကောဟိုမှာကြည့်ဦး။"
နှစ်ယောက်သားမြက်ခင်းလေးပေါ်မှာလဲချရင်း ကြယ်လေးတွေကိုအတူတူကြည့်နေကြသည်။
"Wow အရမ်းလှတဲ့ကြယ်ပါလား။ ဝမ်လေးကမြင်တတ်လိုက်တာ"
"ဟီး....ကောကောကလည်းမြောက်ပြောနေပြန်ပြီ ဝမ်လေးကမပြောရင်တောင်ကောကောကခနခနအဲ့ကြယ်ကိုလှမ်းကြည့်နေတာကိုများ"
" ကော.......အဲ့ကြယ်လေးကိုလိုချင်တယ်"
ထိုစကားကိုကြားတော့ ဝမ်လေးကရုတ်တရက်ထလာသည်။
"ကောကော....ဝမ်လေးအဲ့ကြယ်ကိုတော့မယူပေးနိုင်ပေမဲ့လေ ကြယ်တွေအားလုံးနီးပါးမြင်ရတဲ့နေရာကိုတော့ လိုက်ပို့ပေးနိုင်တယ်"
"ဟား...ဟား ဝမ်လေးကဘယ်လိုပြမလို့လဲ?"
ထိုသို့ပြောလိုက်တော့ဝမ်လေးကမခံမရက်နဲ့ ရှောင်းကျန့်လက်ကိုဆွဲကာ အတောင်ပံအားပြုပြီး ဖြည်းဖြည်းချင်းပျံလိုက်သည်။
ရှောင်းကျန့်ကတော့ ဝမ်လေးကိုကြည့်ကာပြုံးပြနေသည်။
ဝမ်လေးမှာတော့မနိုင်တနိုင်အားလေးနှင့် သူ့လက်ကိုမလွှတ်တန်းဆွဲထားသည်။
.............................
အချိန်အားဖြင့်ည11:00ရှိပြီဖြစ်သည်။
ကောင်လေးနှစ်ယောက်ကတော့တောင်လေးပေါ်မှာ တစ်ယောက်ပေါင်ပေါ်တစ်ယောက်အိပ်ရင်း ပြုံးနေကြသည်။
"ဝမ်လေး ကောအတွက် ဘာမဆိုလုပ်ပေးမှာလား"
ဝမ်လေးရဲ့ပေါင်ပေါ်ကနေခေါင်းလေးတင်ရင်း ရှောင်းကျန့်မေးလိုက်သည်။
"အင်း ဝမ်လေးအားလုံးလုပ်ပေးမှာ"
"ဝမ်လေးအတွက်ခက်ခဲနေရင်တောင်လား?"
ဝမ်လေးကပြုံးပြပြီး
"ဒါပေါ့ ဝမ်လေးကကောလိုသမျှအားလုံးလုပ်ပေးမှာ။ ဝမ်လေးအတွက်ခက်ခဲနေရင်တောင် ကောမလို့ အရာအားလုံးကို ပုံအပ်ပေးမှာ"
YOU ARE READING
Wang
RomanceUnicode and zawgyi ဒီမှာတော့ Fairy ဝမ်လေးကိုတွေ့ရမှာပါနော်🌟 Zhanyi လေးပါ။ စာသိပ်မရေးတတ်လို့ ခွေးလွှတ်ပေးကြပါနော်။ ကြိုးစားပြီးရေးပါ့မယ်❤️❤️