Part17

979 41 17
                                    

❤️🖤🥀

..........................

"ဆရာသခင်!!"

အိုဟောင်းနေတဲ့သစ်ပင်ကြီးအောက်မှာဝမ်လေးဟာ သူ့ဆရာမထွက်လာမချင်းကိုအော်ခေါ်နေသည်။

"ဆ...ဆရာအ!"

တစ်လျှောက်လုံးအန်တီရဲ့ ခန္ဓာကိုယ်ကြီးကိုသယ်လာရတာမို့ ပင်ပန်းပြီး သတိလွတ်တဲ့ခနလေးမှာ နှစ်ယောက်လုံးမြေပြင်ပေါ်ပြုတ်ကျသွားသည်။

"ဝမ်ရိပေါ်.....မင်းလာရာလမ်းကိုပြန်တော့ မင်းဘာအတွက်လာတာလဲသိတယ်။ ငါဒီကိစ္စတော့လက်မခံပေးနိုင်ဘူး။"

"ဆရာ။ ကျနော်တစ်ဘဝလုံးဆရာ့ကို ဘာမှမတောင်းဆိုခဲ့ပါဘူး။ ဒါလေးတော့လုပ်ပေးပါ ဆရာသခင်။"

"မင်းအမှားဘယ်နှစ်ခုကိုကျူးလွန်ချင်နေတာလဲဟမ်း? ပထမတော့မင်းငါ့စကားကိုလွန်ဆန်ပြီးလူတွေနေတဲ့နေရာကိုသွားတယ်။ အေးငါအဲ့ကိစ္စကိုဘာမှမပြောသေးဘူး။ ဒုတိယအချက် .. မင်းလူသားတစ်ယောက်နဲ့မေတ္တာမျှခဲ့တယ်။ အေးမကြာဘူး အခုမင်းကသေလူကိုအသက်သွင်းချင်နေတယ်ပေါ့ ။ မင်းအရမ်းရူးမိုက်တာပဲ။"

"ဆရာ။ ကျတော် ကတိပေးပါတယ် ကျနော်သူ့ကိုအဆက်ဖြတ်ပါ့မယ်။ ပြန်လည်းမသွားတော့ပါဘူး။ ကျေးဇူးပြုပြီးဒါလေးတော့....."

"သူ့ကိုဒီတိုင်းအသက်သွင်းလို့မရဘူးဆိုတာမင်းသိတယ်မဟုတ်လား။ ဘာလို့အရမ်းရူးမိုက်ရတာလဲ ဝမ်ရိပေါ်ရယ်။"

"ကျ‌ေနာ်သိပါတယ်။ သိရက်နဲ့ရွေးချယ်ခဲ့တာပါ။ ကျေးဇူးပြုပြီး ကူညီပေးပါ။ ဆရာသခင်"

"ကောင်းပြီ။ ဒါမင်းရွေးချယ်မှုနော်။ မင်းကဘဝရဲ့အကြီးမားဆုံးအပစ်ကိုလုပ်မယ်ပေါ့။ ငါလက်ခံတယ်။ မင်းအဲ့လောက်ရူးမိုက်နေမှတော့လည်း ငါလုပ်ပေးမယ်။ နောက်မှနောင်တမရနဲ့ ။"

"ကျနော် နောင်တလုံးဝမရပါဘူး ဆရာသခင်။"

"ကောင်းပြီငါ့နောက်လိုက်ခဲ့။"

............................








"ရှောင်းကျန့်!!!!!မင်းစိတ်ထိန်းစမ်း!"

"ဟားဟား ဦးလေးလည်းကျနော့်ကိုအရူးလို့ပဲထင်နေတာမလား။ကျနော်မရူးသေးဘူးဦးလေးရဲ့။ အန်တီကပြန်လာမှာ။ "

WangWhere stories live. Discover now