❤️✨❤️
.............................
"ဟင်းးးး ပျင်းစရာကြီး ။ ကျနော်သွားအိပ်တော့မယ်။"
Peterသူ့ရှေ့ကကောနှစ်ယောက်ကိုစိတ်ပေါက်ပေါက်နဲ့ပြောပြီး သူ့အတွက်ပြင်ထားတဲ့အခန်းထဲဝင်သွားသည်။
"ရှောင်း ။ အန်တီကဘာလေးမွေးမလဲမသိဘူးနော်။"
"မိန်းကလေးမွေးရင်ကောင်းမှာပဲ။အန်တီအဖော်ရတာပေါ့။ဒီအိမ်မှာအကုန်နီးပါးကယောကျာ်းလေးတွေပဲဆိုတော့"
"အွန်း။မိန်းကလေးမွေးလာရင် အန်တီတော်တော်ပျော်မယ်ထင်တယ်နော်။"
နှစ်ယောက်က စကားလက်ဖွဲ့ပြောရင်းအိပ်ငိုက်လာကြသည်။
"ဝါးး ရှောင်းကျနော်အိပ်ချင်ပြီ"
"လာခဲ့"
ပြောရင်းဆိုရင်းသူ့ကိုလာချီတဲ့ရှောင်းကြောင့် ဝမ်ရုတ်တရက်လန့်သွားသည်။
"ဟယ် ရှောင်း ဘာတွေလုပ်နေတာလဲ"
"ငြိမ်ငြိမ်နေ။"
ရှောင်းခဗျာချီထားရင်းလှုပ်ခတ်လှုပ်ခတ်အတောင်ပံလေးတွေပါရှောင်ပြီးပွေ့လာရသည်။
ဘုတ်
"အင့်"
ရှောင်းကကုတင်ပေါ်ချပေးပြီးသူပါ ဝမ်ရဲ့ကိုယ်ပေါ်မှာထပ်လျက်သားလေးလဲလိုက်တော့ဝမ်ခဗျာရုန်းရမလိုလိုဆက်ထိန်းထားပေးရမလိုဖြစ်နေသည်။
"ငြိမ်ငြိမ်နေ။ ကိုယ့်ကိုဒီလိုလေးပေးအိပ်။"
ထိုသိုဆိုလာတော့မှဝမ်ကသူ့ကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့ဖက်လာသည်။
"ဝမ်.....ကိုယ်ကံကောင်းတယ်လို့မင်းထင်လား?"
ထိုကောင်လေးခဗျာသူ့ကိုဖက်ထားရင်းခေါင်းခါပြသည်။
"ကိုယ်အရမ်းကံကောင်းတာပေါ့။ ဝမ်လေးကကိုယ့်မြတ်နိုးရသူလေးဖြစ်နေတာမလို့"
ထိုစကားကြားတော့ကောင်လေးကရှက်ရမ်းရမ်းနေသည်။
"ဟို.....ရှောင်း။ ကျနော့်အတောင်လေးတွေနာနေပြီ။ ရှောင်းဖယ်ပေးဦး"
အောက်မှာခံနေသည့်သူ့အတောင်လေးကိုကြည့်မိတော့ တစ်ကယ်ပြားပြားကိုဝပ်လို့။
YOU ARE READING
Wang
RomanceUnicode and zawgyi ဒီမှာတော့ Fairy ဝမ်လေးကိုတွေ့ရမှာပါနော်🌟 Zhanyi လေးပါ။ စာသိပ်မရေးတတ်လို့ ခွေးလွှတ်ပေးကြပါနော်။ ကြိုးစားပြီးရေးပါ့မယ်❤️❤️