Part 4

974 65 5
                                    

♥️❤️♥️

ဒီနေ့တော့ အိမ်တော်မှာ အလုပ်သမား ငါးယောက်ဟာ ကိုယ်စီအလုပ်ရှုပ်နေလေရဲ့။မနေ့က ရှောင်းလေးရဲ့တောင်းဆိုမှုကြောင့် ခြံအနောက်ဖက်တောစပ်နေရာနားလေးမှာ သစ်ပင်အိမ်လေးဆောက်ပေးရသည်။Crstieသိပ်တော့စိတ်မချပေမဲ့ Jamesကစောင့်ကြည့် ပေးပါ့မယ်လို့ကတိပေးလာတာကြောင့်အလိုလိုက်ပေးလိုက်သည်။

ပုံမှန်သစ်ပင်အိမ်လေးဆိုပေမဲ့ ရှောင်းလေးရဲ့ ဆန္ဒလေးကြောင့် အတွင်းခန်းတွေ၊အရုပ်တွေ၊ကုတင်ပေါက်စိလေး တွေအကုန်သေသေသပ်သပ်လုပ်ပေးနေရတာကြောင့်ညနေလောက်မှပြီးသွားသည်။

"ဟီးး ပြီးပြီလား ဦးဦး"

ကျောင်းလွယ်အိတ်လေးတောင်မချွတ်ရသေးဘူးပဲ။ကြည့်ရတာပြန်‌ေရာက်‌ေရာက်ချင်းအိမ်အနောက်ဘက်ကိုတန်းလာပုံရသည်။

"ပြီးပြီ ရှောင်းလေး အထဲဝင်ကြည့်ပါဦး "

"ဝါး"

ရှောင်းလေးပါးစပ်အဟေင်းသားလေးဖြစ်သွားရသည် အိမ်ကကြည့်လိုက်ရင်သေးသလိုဆိုပေမဲ့ အထဲမှာတော့ အတော်အသင့်ကျယ်သည်။

"ကြိုက်လား?"

"ဟုတ်ကြိုက်ပါတယ်ဦးဦး ကျေးဇူးအများကြီးတင်ပါတယ်နော်။"

Jamesလည်း ဒူးလေးကိုဖက်ပြီးပြောနေတဲ့ကောင်လေးကို ခေါင်းဖွဖွပုတ်ပေးလိုက်သည်။

.............................

ကျွီ.....

"အန်တီရေ"

အဟွတ်..ဟွတ်

"ဪ ရှောင်းလေး ပြန်လာပြီလား?ကြည့်ပါဦး အရင်ကဆိုပြန်လာလာချင်းအန်တီ့ဆီလာနေကျ ပုကျိလေးက ခုတော့ ဦးလေးနားရောက်နေပြီပေါ့?"

"ဟုတ်ရပါဘူး အန်တီကလည်း သားက သစ်ပင်အိမ်လေးသွားကြည့်နေလို့ပါ။"

"ဟုတ်ပါပြီ အဟွတ်..."

"!!အန်တီ ဘာဖြစ်တာလဲ?နေမကောင်းဘူးလားဟင်?"

"ဟုတ်ပါဘူး အန်တီနေကောင်းပါတယ် နည်းနည်းချမ်းလို့ပါ။စိတ်မပူနဲ့နော်"

"ဟုတ် အန်တီ နားလိုက်ဦးနော် သားသား ဦးလေး Jamesကိုသွားပြော...."

WangWhere stories live. Discover now