❤️❤️❤️🎈
.............................
"ဦးလေး James!!"
"Aiyoo ရှောင်းလေး ဦးလေးဒီမှာရှိပါတယ် ဘာဖြစ်လို့လဲဟင်?"
"ဟွန့်ဦးလေး peter ဆိုလားပဲ အဲ့တစ်ယောက် ကဦးလေးတူလား?"
"အင်းဟုတ်တယ်လေ"
"အဲ့တစ်ယောက်က ဘာလို့ဝမ်လေးဆီရောက်နေတာလဲ?"
James ခုမှသဘောပေါက်သည်။ရှောင်းလေးက J ဝင်နေသည်ဆိုတာကို။
"အဟမ်း ဝမ်လေးအဖော်ရအောင်လေ။ဝမ်လေးကတစ်နေကုန်နီးပါး အိမ်မှာပဲစောင့်နေရတော့ အဖော်ရအောင် ခေါ်လိုက်တာ"
" နောက်တစ်ခေါ်ကျရင် လျှောက်မခေါ်နဲ့။ ဝမ်လေးကသူ့ ဘာသာသူ နေတတ်တယ် ။အဖော်လျှောက်ခေါ်မှ သူနေရခက်နေဦးမယ်"
"ဟုတ်ကဲ့ပါဗျ ၊သခင်လေးရှောင်းကျန့်"
"ဟွန့် သားကအသက်အဲ့လောက်မကြီးသေးပါဘူး"
ပြောပြီး သူ့အန်တီဆီသွားချွဲနေသည်။
............................."ရှောင်းလေး ရေလွှတ်ပါဦး။သွား ဝမ်လေးကိုသွားခေါ် ဟိုမှာ peterလည်းစောင့်နေတယ်"
ထိုစကားကြောင့် ရှောင်းလေး ကမျက်နှာစူပုတ်သွားသည်။
"ဟွန့် အန်တီတို့က သားထက် peter ကိုပိုချစ်တယ်ပေါ့။မရဘူးနော် သားကလိုက်ကပ်နေမှာ။"
"အိုင်းယားရှောင်းလေးရယ်။အန်တီ သားကိုခေါ်လာတာ မချစ်လို့မှမဟုတ်တာ။ သွားဦး နောက်ကျတော့မယ်။"
သွားမခေါ်သေးဘဲ ပေကပ်ကပ်လုပ်နေသော ရှောင်းလေးကြောင့်
" အင်း သွားမခေါ်လည်းနေ။ အန်တီက ဝမ်လေးကိုဒီညခေါ်အိပ်မလို့ကို။ရှောင်းလေးက စိတ်ကောက်နေတော့လည်း Peterနဲ့ပဲ အိပ်ခိုင်းလိုက်တော့မယ်"
"Peter ကဒီမှာအိပ်မှာလား!!!!!မရဘူးလေ။ ဘာလို့လဲ"
"ညနောက်ကျတော့မယ်လေ သူ့ကိုအိမ်ပြန်ပို့လို့မှမရတာ။"
"အင်းအဲ့တာဆို သားစိတ်မကောက်တော့ဘူး။ဝမ်လေးကိုတော့သူနဲ့မအိပ်ခိုင်းနဲ့ "
ပြောရင်း နဲ့ ခြံအနောက်ဘက်ကို အလျင်ပြေးထွက်သွားသောရှောင်းလေးကြောင့် James နဲ့ Cristie ပြုံးလိုက်သည်။
YOU ARE READING
Wang
RomanceUnicode and zawgyi ဒီမှာတော့ Fairy ဝမ်လေးကိုတွေ့ရမှာပါနော်🌟 Zhanyi လေးပါ။ စာသိပ်မရေးတတ်လို့ ခွေးလွှတ်ပေးကြပါနော်။ ကြိုးစားပြီးရေးပါ့မယ်❤️❤️