Part9

566 45 1
                                    

❤️♥️❤️.

လေးရက် update မတင်ဖြစ်လို့တောင်းပန်ပါတယ်နော်။ သာသာ se အဖတ်များသွားပြီး မချိုနိုင်တော့လို့ပါ။(ဘာမှလည်းမဆိုင်ဘူး)

.............................

"ဝမ်လေး ဆင်းလာခဲ့"

ရေကန်ထဲကရှောင်းကျန့်က ရိပေါ်ကိုသူနဲ့ရေလာဆော့ဖို့ပြောနေတာ ဆယ့်ငါးကြိမ်မြောက်ရှိလေပြီ။

"ဟင့်အင်း မလာချင်ပါဘူးဆို"

ဒီစကားနဲ့တင်လူကို ငြင်းနေတာကြောင့် ရှောင်းကျန့်စိတ်ကသိပ်မရှည်ချင်တော့။

"ဝမ်လေးက ကောမွေးနေ့မှာ ကောဆန္ဒမလိုက်လျောဘူးပေါ့။ရတယ်လေ "

ပြောရင်းဆိုရင်း ရေစီးနေတဲ့ ကန်ထဲကို ရှောင်းကျန့် ရေငုပ်လိုက်သည်။

"ဟင်?ကော ...ကောဘာလုပ် အွန်း"

ရုတ်တရက်ဆိုသလိုရှောင်းကျန့်က ဝမ်လေးလက်နှစ်ဖက်ကိုဆွဲပြီး ရေထဲဆွဲချလိုက်လေသည်။

ရုတ်တရက်မို့ဝမ်လေးက အင်္ကျီတွေလည်းရေစို၊အတောင်ပံတွေလည်းရေစိုပြီး လူလည်းရေမွှန်းသွားသည်။

"အဟွတ်....အဟွတ်..ကော‌မကောင်းဘူး။အဟွတ်...ဝမ်လေးက ရေထဲမဆင်းချင်ပါဘူးဆိုတာကို။"

"ဝမ်လေးမှစကားနားမထောင်တာ။ကြည့်ပါဦး မျက်နှာကရဲနေပြီရှက်နေတာလား?"

"မဟုတ်ရပါဘူး"

"ဟွင်း..ဟွင်း မဟုတ်ရင်လည်းထားပါတော့။ကဲ ပြန်တက်တော့ ဖျားလိမ့်မယ်"

ဟွန်းဘာလည်းဟ သူများကိုလည်းဆွဲချသေးတယ် ။ ဆော့လည်းမဆော့လိုက်ရဘူး။

ဝမ်လေးကတော့ ရှောင်းကောပြောတဲ့အတိုင်းလိုက်နာပေမဲ့ စိတ်ထဲမှာတော့အတွေးပေါင်းများစွာနှင့်။

............................


"ဝမ်လေး ဘာဖြစ်နေတာလဲ။မျက်နှာက မကြည်နေဘူးကော?"

"ဟင်း ဒီလိုပါပဲ။ "

"ကောကိုမညာနဲ့နော် ။ကောသိတယ်။"

"အင်း ....ဒီအတိုင်းပါပဲ ဝမ်လေးအတောင်လေးတွေကို ဆယ့်ရှစ်နှစ်ရောင်မှသိမ်းလို့ရမှာလေ။ခု ကျဝမ်လေး က စောင့်ရတာစိတ်မရှည်တော့ဘူး"

"ဟားဟား ဝမ်လေးရယ် ဘာလို့အတောင်တွေသိမ်းချင်နေရတာလဲ? ဝမ်လေးအတောင်ပံတွေကအဲ့လောက်လှတာကို။ကောတောင်လိုချင်တာ။"

"တစ်..တစ်ကယ်လားဟင်?"

"အင်း။ ဝမ်လေးက အတောင်လေးရှိတော့ ပျံလို့ရတယ်လေ။"

ဝမ်လေးကခနတွေးလိုက်ပြီး

"ကောကော။ကော ပျံ ချင်လား?"

"အင်း ဒီကမ္ဘာကြီးနဲ့အဝေးဆုံးကို ပျံသန်းပြီး မားနဲ့ပါးကိုတွေ့ချင်တယ်"

"ဟင်?!"

"ဟက်။ မဟုတ်ပါဘူး ဝမ်လေးရယ် ကလေးအတွေးတွေပါ။"

ပြောရင်း လမ်းကိုခပ်မြန်မြန်လျှောက်နေသည်။

ဝမ်လေးမှာတော့မမှီတမှီလိုက်နေရသည်။

(အိမ်ပြန်ရောက်သော်)


"အန်တီရေ ဦးလေးရေ သားပြန်လာ....လာ"

" အို ရှောင်းလေးပြန်လာပြီလား? ဝမ်လေးရောပါတာလား?"

"ဟုတ်အန်တီ"

"ဪဒီမှာလေ ရှောင်းလေးရဲ့ဦးလေးရောက်နေတယ် လာနှုတ်ဆက်ပါဦး"

ရှောင်းလေး က နှုတ်ဆက်ပေမဲ့ cristie တို့ထင်ထားသလို အထူး နှုတ်ဆက်မနေ။

"ရှောင်းလေး ။ဝမ်းမသာဘူးလား? မင်းဦးလေးအရင်းနဲ့ ပြန်တွေ့ရပြီလေ"

Jamesက အားမရစွာပြောတော့ ရှောင်းလေးက သူ့ကိုလာဖက်သည်။ပြီးတော့ မှ မျက်နှာငယ်လေးနှင့်

"ဦး လေး သားပြန်မလိုက်သွားဘူးနော်"

"အဟားဟား ကျနော့်တူလေးက ပြန်ခေါ်မှာကိုကြောက်နေပုံပဲ၊ ရပါတယ် သူပြန်လာချင်မှ ကျနော်လာခေါ်ပေးပါ့မယ်။ သံယောဇဉ်လည်းကြီးသွားပြီးကို။ ကျနော်အရေးကြီးကိစ္စရှိလို့သွားလိုက်ပါဦးမယ်။
ဒါနဲ့ Happy birthday ပါနော် ရှောင်ရှောင်းကျန့် "

နှုတ်ခမ်းတစ်ဖက်ကိုတွန့်ပြုံးပြီးဝမ်လေးကိုစိုက်ကြည့်သွားတာကြောင့် ဝမ်လေးကို မျကိစိလွှဲမိသည်။

ဝမ်လေးက တော့ သူ့ကိုမြင်သွားဟန်‌‌ေအး‌ေဆးပြံုးပြလာနေသည်။

.............................












ဝေးဟေး ဘာလာကြည့်နေကြတာလဲ။

သာယာတယ်နော် ဒါဒါတို့လည်း အပ်ဒိတ်မတောင်း သာသာငပျင်းကလည်း မup ။အရမ်းချစ်လို့အရှည်ကြီးရေးပေးထားတယ်နော်😊။ဟဲဟဲစတာ။

ဂရုစိုက်ကြပါဦး။

မင်းတပ်မြို့အတွက်‌လည်း speak out ပေးကြပါဦးနော်။😔😔

တို့တွေနိုင်ကိုနိုင်ရမယ်။

အားတင်းထားကြ။

Julia

WangWhere stories live. Discover now