❤️🌹❤️
,...........................,
(နောက်ကြောင်းပြန်နေဆဲ)
Cristie နှစ်ရက်လောက်ဆက်တိုက်
ချန်လျိုရီကိုသာသွားတွေ့နေမိသည်။ သွားတွေ့တဲ့တစ်လျှောက် ကျဲကပဲငိုယိုပြီးတောင်းပန်နေတာကြောင့်အားနာနေရသည်။မကြာပါ ကျဲရဲ့ တောင်းပန်စကားနဲ့အတူ သူတို့သားလေးမွေးနေ့မှာ Japanကိုအပြီးပြောင်းတော့မယ်ဆိုလို့ မျက်နှာမပျက်အောင်ထိန်းလိုက်ရသေးသည်။.............................
နောက်သုံးရက်လောက်ကြာတော့ သူတို့ရဲ့သားလေးမွေးနေ့ရက်မြတ်လေးရောက်ရှိလာခဲ့သည်။ ဒါကြောင့် cristieမနက်စောစောထပြီးကျဲဆီကိုသွားနှုတ်ဆက်သည်။ ရိုးရိုးတန်းတန်းမဟုတ်၊ခြေရာခံစက်ထည့်ပေးလိုက်ခြင်းဖြစ်သည်။ ဘာလို့ဆိုကျဲကသူဘယ်သွားလဲဆိုတာသေချာပြောပြမှာမဟုတ်တာသိနေတာကြောင့်ဖြစ်သည်။
"Cristie,ကျဲသွားပြီ။ ရေစက်မကုန်သေးရင်ပြန်ဆုံကြမယ်နော်။"
ပြောရင်းလာဖက်တဲ့ကျဲကို cristie နွေးနွေးထွေးထွေးပြန်ဖက်ထားပေးရင်း စိတ်ထဲကနေတော့ (စိတ်ချပါကျဲ။ရေစက်ကုန်သွားရင်တောင် ကျဲကိုလိုက်ရှာပြီး ပြန်လုယူပြမှာမလို့ ခနပဲသည်းခံပေးပါ။)လို့ပြောပြီး လွှတ်ပေးလိုက်သည်။
............................
သိပ်မကြာပါဘူး ခြေရာခံစက်ကနေသတိပေးလာတဲ့အသံကြောင့် အနောက်ကနေကားကိုအရှိန်တင်ပြီးလိုက်လာခဲ့တယ်။
ဟိုရောက်တော့မြင်လိုက်ရတာကလူကိုမျော်လင့်ချက်တွေကွဲကြေစေတဲ့အဖြစ်အပျက်လိုပါပဲ။ မိုးရွာထဲမှာသွေးသံတရဲရဲနဲ့ကောင်လေးက ဘေးကသူ့မိဘနှစ်ယောက်ကိုလှုပ်နိုးနေတယ်။ သူ့မိဘဆိုတာတခြားလူမဟုတ်၊ ကျဲ......ကျဲနဲ့ ကိုယ့်ရန်သူတော်ကြီး။ နှစ်ယောက်စလုံးဟာ ကောင်းကောင်းမပေါ်ကြတော့သည့်တိုင်အောင်ပင်။
"မဟုတ်ဘူးလေ။မဖြစ်ရဘူးလေ။ဟားဟားတစ်ယောက်ယောက်လာဖြေရှင်းပြကြပါဦး။"
လွတ်ထွက်သွားတဲ့စိတ်တွေဟာ ကလေးတစ်ယောက်ရဲ့အော်ငိုသံကြောင့်ပြန်စုစည်းလာတယ်။ ထိုသို့မှထိုကလေးဆီသွားပြီး
YOU ARE READING
Wang
RomanceUnicode and zawgyi ဒီမှာတော့ Fairy ဝမ်လေးကိုတွေ့ရမှာပါနော်🌟 Zhanyi လေးပါ။ စာသိပ်မရေးတတ်လို့ ခွေးလွှတ်ပေးကြပါနော်။ ကြိုးစားပြီးရေးပါ့မယ်❤️❤️