❤️♥️❤️
ဒီနေ့ကရှောင်းလေး ကျောင်းအသစ်မှာ ပထမဆုံး ကျောင်းတက်မဲ့နေ့။ကလေးဖြစ်သည့်အလျောက် သူငယ်ချင်းအသစ်တွေရယ် ဆရာမအသစ်တွေရယ်နဲ့တွေ့ရတော့မယ်ဆိုတော့ စိတ်အရမ်းလှုပ်ရှားနေသည်။
"ရှောင်းလေးရေ ပြီးသေးဘူးလား?"
မှန်အရှေ့မှာ လက်နှစ်ဖက်ကိုပွတ်ပြီး နှုတ်ဆက်နည်းလေ့ကျင့်နေတဲ့ရှောင်းလေးက ခုနကတည်းကိုက ထမင်းစားပြီး အဝတ်လဲတော့မယ်ဆိုပြီးထထွက်သွားတာ ခုထိကိုမပြီးသေးဘူး။
"အာ.....ပြီးပြီ အန်တီ သားလာပြီနော်"
ပြောရင်းဆိုရင်းနဲ့ မမှီတမှီအခန်းတံခါးကိုဖွင့်ကာ အန်တီ cristie ဆီကိုပြေးလာခဲ့သည်။
"အားယို့ဘာတွေအဲ့လောက်ပြင်နေတာလဲရှောင်းလေးရဲ့။ ရှောင်းလေးကမပြင်လည်းချစ်ဖို့ကောင်းနေတာကို။"
"ဟီးး သားကပြင်နေတာမဟုတ်ပါဘူး။စကားပြောလေ့ကျင့်နေတာပါအန်တီကလည်း"
"ဟုတ်ပါပြီ ရှောင်းလေးရဲ့။ သွား ဦးဦးတို့ဒေါ်ဒေါ်တို့ကိုနှုတ်ဆက်လိုက်ဦး"
ပြောစကားကိုတစ်သွေမတိန်းနားထောင်တဲ့ ရှောင်းလေးက တစ်အိမ်လုံးကလူတွေကိုလိုက်နှုတ်ဆက်လေရဲ့။
.............................
"ကယ်ရောက်ပြီ ရှောင်းလေး အန်တီဒီနားထိပဲလိုက်ပို့တော့မယ် လိမ်လိမ်မာမာနေနော်"
"Yes sir!"
ပြောပြောဆိုဆိုနဲ့ ရှောင်းလေးဟာ ကျောင်းထဲကိုပြေးဝင်သွားလေသည်။
.............................
နေ့လည်ရောက်တော့ ရှောင်းလေးက လာကြိုမယ့် အန်တီကိုကျောင်း ဂိတ်နားမှာထွက်စောင့်နေလေရဲ့။
"သခင်လေး"
"ဟင်? ဦးလေးဝမ်နင်"
ပြောရင်းဆိုရင်းဘေးတစ်ဝိုက်ကိုမျက်စိကလယ်ကလယ်နဲ့ရှာနေတဲ့ရှောင်းလေးကို ဝမ်နင်က ခေါင်းလေးခပ်ဖွဖွပုတ်ပေးပြီး
"အားယားသခင်လေးက သခင်မလေး ကိုရှာနေတာလား? သခင်မလေးကအလုပ်ကိစ္စရှိလို့ခနသွားတယ် ညနေလောက်ပြန်ရောက်မယ်လေ ခု ဦးလေးနဲ့အတူလိုက်ခဲ့နော်"
YOU ARE READING
Wang
RomanceUnicode and zawgyi ဒီမှာတော့ Fairy ဝမ်လေးကိုတွေ့ရမှာပါနော်🌟 Zhanyi လေးပါ။ စာသိပ်မရေးတတ်လို့ ခွေးလွှတ်ပေးကြပါနော်။ ကြိုးစားပြီးရေးပါ့မယ်❤️❤️