❤️❤️❤️
ရှောင်းလေးဒီနေ့ အန်တီနဲ့အတူအားလပ်ရက်ကိုဖြတ်သန်းရန်စီစဉ်ထားသည်။ဒါကြောင့်လည်း မထစဖူး မနက်အစောတကာ့အစောဆုံးကိုထပြီး ပြင်ဆင်ပြီး အိပ်နေသည့်အန်တီကိုသွားနိုးသည်။
"အန်တီ အန်တီ "
ခလော ....ခလူးးး😪😪"ဟွန့်အန်တီကအကျင့်မကောင်းဘူး သားကအစောကြီးထရတာကို ဟင့်..."
ရှောင်းလေးငိုသံကြောင့် cristieမှာရုတ်တရက်လန့်နိုးလာကာ ပုကျိလေးကိုချီပြီးချော့ရတော့သည်။
"ရှောင်းလေး ဝါးးး မငိုနဲ့လေ အိပ်ပါဦး အခုမှ မနက်ငါးနာရီပဲရှိသေးတယ်။"
"ငါးနာရီတောင်ရှိပြီလေ အန်တီကလည်း အိပ်ပုပ်ကြီးလိုက်တာ ဟွင့်"
"အိုင်းယိုး ထပြီထပြီ စိတ်မဆိုးတော့နဲ့နော် "
အိပ်ချင်မူးတူးနဲ့ Cristie မှာမြန်မြန်ကုန်းရုန်းထပြီး ပြင်ဆင်စရာရှိတာပြင်ရတော့သည်။
ရေချိုးခန်းထဲမှာ ဝေရာဝိစ္စလုပ်ပြီးသည်နှင့်အပြင်ထွက်လာတော့ မှောက်ယက်လေးနဲ့ ခွေနေတဲ့ေရှာင်းလေးကိုတွေ့ရသည်။
ရှောင်းလေးကိုခေါင်းအုံးပေါ်တင်ပေးမယ်ကြံပြီးချီလိုက်တော့ ဆရာလေးက ဖျက်ကနဲနိုးလာပြီး သွားသုံးဆယ့်နှစ်ချောင်းကိုဖြီးပြလာသည်။
"အယ် အန်တီလာပြီလား?ရေချိုးခန်းထဲကပြန်မထွက်လာတော့ဘူးထင်နေတာ ဟီးး"
ငယ်ငယ်လေးနဲ့စကားကိုယဲ့သဲ့သဲ့ပြောနေတဲ့ ချစ်စရာယုန်ပေါက်လေးကို ပါးနှစ်ဖက်ဆွဲလိုက်သည်။
"ရှောင်းလေး ဒီနေ့ရှောင်းေလးရဲ့ ကျောင်းပိတ်ရက်မလား?အန်တီနဲ့အတူလျှောက်လည်မယ်နော်"
"ဟုတ် ကစားကွင်းသွားချင်တယ်"
"ဟား ဟုတ်ပါပြီ။ ဒီနေ့အတွက်ကိုရှောင်းက ကြိုစီစဉ်ထားတယ်ပေါ့?"
"ဟီးး"
ပြောပြောဆိုဆိုနှစ်ယောက် က ကစားကွင်းကိုအတူတူလာခဲ့ကြသည်။
.............................
"အန်တီအန်တီ သားအဲ့အရုပ်လေးလိုချင်တယ် "
YOU ARE READING
Wang
RomanceUnicode and zawgyi ဒီမှာတော့ Fairy ဝမ်လေးကိုတွေ့ရမှာပါနော်🌟 Zhanyi လေးပါ။ စာသိပ်မရေးတတ်လို့ ခွေးလွှတ်ပေးကြပါနော်။ ကြိုးစားပြီးရေးပါ့မယ်❤️❤️