Hoseok's pov;
*တီ*
တိုက်ခန်းရှေ့ရောက်တာနဲ့ ဘဲလ်ကိုတီးလိုက်တော့ ပုလုံးလုံးကောင်လေးတစ်ယောက်ထွက်လာသည်
"မင်းကjiminဟုတ်တယ်နော်"
"ဟုတ်ပါတယ်..ဘယ်သူတေလဲမသိ..ဟင်?!.. jungkook?!..သူဘာဖြစ်တာလဲ"
taehyungပုခုံးပေါ်မှာထမ်းထားတဲ့ jungkook ကိုတွေ့တော့ စိုးရိမ်တကြီးမေးလာတယ်..
"မင်းနဲ့ပြောစရာရှိတယ် အိမ်ထဲဝင်လို့ရမလား?"
"ဝင်ခဲ့ပါ"
ဝင်ပါပြောပြိီးလမ်းဖယ်ပေးလာတာမို့ ကျွန်တော်တို့သုံးယောက်လုံးဝင်သွားကြတယ်...အိမ်ထဲရောက်ရောက်ချင်း ပုခုံးပေါ်ထမ်းထားတဲ့jungkook ကိုရှေ့ကဆိုဖာပေါ်ညင်သာခြင်းမရှိပစ်ချလိုက်တဲ့ taehyung...
"အယ်...jungkook သူဘယ်လိုဖြစ်တာလဲ"
"စကားနဲ့ရှင်းပြလို့နားလည်မှာမဟုတ်ဘူး.."
Jin hyungကပြောပြီးတာနဲ့သူ့ကိုကျောပေးပြီး ရပ်နေတဲ့ jiminရဲ့ခေါင်းကိုအုပ်ကိုင်လိုက်တယ်...ရုတ်တရက်အောက်ကိုထိုင်ကျသွားတဲ့ jiminကြောင့် jin hyungပါထိုင်ချလိုက်ပြီး သိသင့်သိထိုက်တဲ့အကြောင်းအရာတေ၊ yoongiနဲ့jungkookတို့ရဲ့အဖြစ်အပျက်တေကိုခေါင်းထဲထည့်ပေးနေတယ်..
Yoongiပြောခဲ့တဲ့အတိုင်း ဒီကောင်လေးကိုအကုန်ပေးသိလိုက်တာတော့ဟုတ်ပါပြီ ဒီကောင်ကဘာအကူအညီရမှာမို့လဲ သူကjungkookကိုဘယ်လိုကူညီနိုင်မှာလဲ...ဘာမှအဖြစ်မရှိတဲ့လူသားတစ်ယောက်က ဘယ်လိုများအကူအညီပေးနိုင်မှာမလို့လဲ..."ဒါ!...ဒါတေက..?!"
ကျွန်တော်တွေးနေချိန်မှာပဲ စကားစလာတဲ့ jimin..အသက်ကိုပြင်းပြင်းရှူနေပြီး မျက်မှောင်ကြုတ်ထားတယ်..
"ဒါတေက jungkookမင်းကိုဖုံးကွယ်ထားတဲ့အရာတေပဲ.."
တည်ငြိမ်တဲ့အသံနဲ့ ခပ်အေးအေးပြောလိုက်တဲ့ jin hyung..
"ဒါဆို..yoongi hyungက..."
"ဟုတ်တယ် yoongiကဒီကောင်လေးအတွက် သူ့ဝိဉာဉ်ကိုပေးလိုက်ပြီ...ပြီးတော့ မင်းကိုဒီကိစ္စတေပေးသိတာလဲ သူကဒီလိုလုပ်ဖို့ပြောခဲ့လို့ပဲ.. jungkook ကဝိဉာဉ်လဲပြီးမှတ်ဉာဏ်တေပါအစားထိုးခံထားရတာမို့ သူသတိရလာတဲ့အချိန်မှာ မတည်မငြိမ်ဖြစ်နေလိမ့်မယ် သူ့သူငယ်ချင်းဖြစ်တဲ့မင်းကဘဲသူ့ကိုထိန်းပေးပါ yoongiကလဲအဲ့တာကြောင့်ပဲ မင်းကိုဒီအကြောင်းတေသိခွင့်ပေးခဲ့တာ...'သူ့တို့နှစ်ယောက်အကြောင်းကိုအစမဖော်ပါနဲ့ သူ့ရှေ့မှာyoongiဆိုတဲ့နာမည်ကိုယောင်လို့တောင်မထွက်မိပါစေနဲ့ jungkookကိုဂရုစိုက်ပေးပါ မင်းကိုယုံတယ်' ဒါကyoongiမင်းကိုပြောခိုင်းခဲ့တဲ့စကားပဲ...မင်းဘက်က..."
YOU ARE READING
That means love
Fiksi Penggemarဘယ်သူထင်မှာလဲ ကျွန်တော့်ရဲ့ရိုးရှင်းတဲ့ဘဝထဲကို သဘာဝလွန်ဖြစ်ရပ်တေနဲ့လူတစ်ယောက်ဝင်လာပြီး နှလုံးသားထဲထိနေရာယူသွားလိမ့်မယ်လို့ #yoonkook