Zawgi
အခုဆိုအိမ်မှာကျွန်တော်တစ်ယောက်ထဲမဟုတ်တော့ဘူး စာမေးပွဲဖြေပြီးတဲ့နေ့ကတည်းက ချယ်ရီပင်အောက်မှာ အထုတ်အပိုးတေနဲ့ စောင့်နေတဲ့ jungkook ကိုအိမ်ခေါ်လာခဲ့တာ...ညဆိုကုတင်တစ်ခုတည်းအတူတူမအိပ်တတ်ပေမယ့် hyung နဲ့ပဲအိပ်ချင်တယ်ပြောတာကြောင့် သူ့အလိုကျကုတင်တစ်ခုပေါ်မှာပဲအတူတူအိပ်ဖြစ်တယ် မအိပ်တတ်တာမဟုတ်ပေမယ့် jungkook နဲ့ဆိုတော့ ရှက်တယ်ပြောရမလား...အဲ့ကောင်လေးက အင်္ကျီဝတ်ရက်မအိပ်တတ်ဘူးဆိုပြီး အင်္ကျီချွတ်အိပ်သေးတာ ဒီကြားထဲအိပ်ပျော်နေပြီဆို ခါးကိုအတင်းဖက်ထားသေးတာ ကိုယ်ကသူ့လက်မောင်းကြားထဲရောက်နေရင် အိပ်ဖို့နေနေသာသာ အသက်ရှုတောင်မမှန်ချင်ဘူး...သူ့ရင်ခွင်ထဲအိပ်ရတာနွေးထွေးပေမယ့် တစ်ညပဲရှိသေးတော့ နေသားမကျသေးဘူးပေါ့ နောက်တော့နေသားကျသွားမှာပါ...
စာမေးပွဲဖြေထားရတာကြောင့်ပင်ပန်းနေတယ်ထင်ပါရဲ့ အခုထိမထသေးဘူး နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတာ....ဒီလိုအနီးကပ်ကြည့်လိုက်တော့လည်း jungkook ကတကယ်ချောတာပဲ မြင်မြင်ချင်းတော့ သူ့ကိုကလေးတစ်ယောက်လို့ထင်ခဲ့တာ ခုကျတော့လည်း ရင့်ကျက်တဲ့လူငယ်လေးတစ်ယောက်လိုပဲ...ပြန်စဉ်းစားကြည့်တော့မှ ကျွန်တော်မနက်တိုင်းတစ်ယောက်ထဲနိုးထခဲ့တာပဲ...အခုတော့ ကိုယ်ချစ်တဲ့သူကဘေးမှာရှိနေပြီ...အင်း~...နေ့တိုင်းဒီလိုလေးနိုးထရရင်ကောင်းမှာပဲ...
ခုမှသေချာကြည့်မိတယ် jungkook ကနှုတ်ခမ်းအောက်လေးမှာမှဲ့ပါတာပဲ ဒီတိုင်းကြည့်နေရင်းကအူယားလွန်းလို့ မှဲ့သေးသေးလေးကိုလက်နဲ့ထိကြည့်မိတယ် jungkook မှာမှဲ့လေးတေအပြင်ရယ်လိုက်ရင်ချစ်စရာကောင်းလွန်းတဲ့ ယုန်သွားလေးလည်းရှိပြန်ရော ဖြူဖြူဖွေးဖွေးပါးပြင်ကိုအသာအုပ်ကိုင်လိုက်ပြီး အိပ်နေပုံလေးကိုသေသေချာချာကြည့်နေလိုက်တယ် အေးချမ်းလိုက်တာ...အိပ်နေပုံလေးက ကလေးလေးလေးတစ်ယောက်လိုပဲ..
နှုတ်ခမ်းလေးကလည်း ချစ်ဖို့ကောင်းနေရောပဲ အကူမပါပဲချယ်ရီရောင်သန်းနေတဲ့ နုတ်ခမ်းလေးကို လက်မလေးနဲ့အသာလေး ထိကြည့်လိုက်တယ် နူးညံ့လိုက်တာ...jungkookကိုကြည့်နေရင်းကသူ့ပါးပေါ်ကကိုယ့်လက်ကို အုပ်ကိုင်လာတဲ့လက်တစ်ဖက်ကြောင့် လန့်သွားရတယ် ပြီးတော့မှဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာတဲ့ jungkook...

YOU ARE READING
That means love
Fanfictionဘယ်သူထင်မှာလဲ ကျွန်တော့်ရဲ့ရိုးရှင်းတဲ့ဘဝထဲကို သဘာဝလွန်ဖြစ်ရပ်တေနဲ့လူတစ်ယောက်ဝင်လာပြီး နှလုံးသားထဲထိနေရာယူသွားလိမ့်မယ်လို့ #yoonkook