Zawgi"ကဲ...ဒီထက်နောက်ကျရင်မကောင်းဘူး စလိုက်ရအောင်၊ taehyung~"
jin hyung ဆိုသူကစဖို့ပြောရင်း taehyung ဆိုသူကိုမျက်လုံးချင်းစကားပြောလိုက်သည်။ taehyung ဆိုသူကအနည်းငယ်ဒေါသထွက်နေပုံပေါ်ပြီး ကျွန်တော့်ဆီကိုမျက်မှောင်ကြုတ်ရင်းအံကြိတ်ကာကြည့်လာသည်၊ hyungဆိုကျွန်တော့်ကမ္ဘာဆီခေါ်သွားမယ်ဆိုလို့ မကျေမနပ်ဖြစ်နေမှန်း ကျွန်တော်ရိပ်မိပါသည်။ ကျွန်တော့်ဘက်ကလည်းတစ်ချက်လေးမှအလျော့မပေးပဲ ပြတ်ပြတ်သားသားစိုက်ကြည့်နေလိုက်သည်။ စိတ်ထဲမှာလဲ 'ကျွန်တော်က hyungကိုမရရအောင်ခေါ်သွားမှာ' ဟုသာထပ်တလဲလဲရေရွတ်ရင်း စိုက်ကြည့်ပေးလိုက်သည်။
ခနပါပဲ taehyungဘက်ကအကြည့်လွဲသွားပြီး အနက်ရောင်အငွေ့တေရစ်ဆိုင်းနေတဲ့ဂိတ်ပေါက်တစ်ခုကိုဖန်တီးလိုက်သည်။ ထိုအခါမှကျွန်တော်စိတ်အေးရတော့သည်။ ကျန်တဲ့သူတေကလည်းပစ္စည်းတေယူပြီး အသင့်ပြင်နေကြသည်။
"မဖြစ်လို့သာ yoongiကိုလူသားအနေနဲ့မွေးဖွားပေးမှာ မင်းကိုယုံလို့တော့မထင်လိုက်နဲ့"
hyungရဲ့ဖျော့တော့နေတဲ့မျက်နှာလေးကိုကြည့်နေရင်းက ဘေးနားကအေးစက်စက်အသံကြောင့်ကြည့်လိုက်တော့ ကျွန်တော့်ကိုမညှာမတာနဲ့မှတ်ဉာဏ်ပြန်ဖော်ပေးတဲ့သူ။ ခပ်တင်းတင်းမျက်နှာထားနဲ့ hyung ကိုကြည့်နေရင်းပြောလာသူကြောင့် ခေါင်းငြိမ့်ခေါင်းခါမပြုပဲ ဒီတိုင်းထားလိုက်သည်။ သူကဘာမို့လို့လဲ hyungနဲ့ဘာပတ်သတ်လို့ ဒီလိုဖြစ်နေရတာလဲ။ hyungနိုးလာမှပဲမေးရတော့မည်၊ မေးစရာဒီတစ်ခုပဲရှိသည်မဟုတ် ကျွန်တော့်ကိုရက်ရက်စက်စက်ထားရက်ခဲ့တဲ့အကြောင်းကိုလဲမေးရဦးမည်၊ ဒီလူလေးယောက်နဲ့ပတ်သတ်ပုံတေကိုလည်းအသေးစိတ်သိချင်သေးသည်၊ ဘာလို့များ ကျွန်တော့်ဦးနှောက်ထဲကနေ hyungကိုဖျက်ခိုင်းခဲ့သလဲ ဆိုတာလဲမေးရဦးမည်၊ တကယ်ကိုမေးစရာတေအများကြီးရှိတာမို့ မြန်မြန်နိုးထလာပေးပါ။
"သွားရအောင်"
jin hyungဆိုသူကပြောလာတာမို့ ခေါင်းညိမ့်ပြပြီး hyungကိုယ်လေးကိုအတတ်နိုင်ဆုံးအားကိုဖျော့က ပွေ့ချီလိုက်သည်။အားထည့်ပြီးထိလိုက်ရင်ကို အသားဆိုင်လေးတေကပဲ့ကြွေတော့မယ့်အလား သွေးကြောလေးတေကအက်ကွဲကြောင်းလေးတေလို ယှက်ဖြာနေသည်။ ရင်ခွင်ထဲရောက်လာတဲ့ နူးညံ့လှတဲ့အဖြူရောင်ခန္ဓာကိုယ်လေးကြောင့် ဝမ်းနည်းစိတ်တို့လှိုက်တက်လာကာ မျက်ရည်ကျလာပြန်သည်။တကယ်ကိုကြွေကျတော့မယ့် ပန်းလေးလိုနွမ်းနယ်နေတဲ့ခန္ဓာကိုယ်လေးပေမယ့် အရင်လိုလှနေတုန်းပါပဲ။ လက်နဲ့ထိတွေ့နေရတဲ့ hyungရဲ့ခန္ဓာကိုယ်လေးကအေးစက်လို့နေသည်၊ အလေးချိန်ဆိုတာလည်း မရှိ၊ တကယ်ကို၊ တကယ်ကိုပေါ့ပေါ့လေးဖြစ်နေသည်။
YOU ARE READING
That means love
Fanficဘယ်သူထင်မှာလဲ ကျွန်တော့်ရဲ့ရိုးရှင်းတဲ့ဘဝထဲကို သဘာဝလွန်ဖြစ်ရပ်တေနဲ့လူတစ်ယောက်ဝင်လာပြီး နှလုံးသားထဲထိနေရာယူသွားလိမ့်မယ်လို့ #yoonkook