Zawgi"ငါသူတို့နှစ်ယောက်လုံးကိုခေါ်ထားတာ မင်းကိုပါမှတ်ဥာဏ်ဖတ်ခိုင်းမလို့"
"ဘာ!...ငါ့ကိုမှတ်ဥာဏ်ဖတ်တော့ဘာရမှာလဲ"
"မင်းမိဘတေဘယ်သူလဲမင်းသိလား"
"ငါဘယ်သိမလဲ ပြောပြီးပြီလေ ငါသိတတ်စကတည်းကမင်းအထိန်းတော်နဲ့နေလာတာလို့"
"ဟုတ်တယ်ဒါမဲ့ မင်းမှာရှိတဲ့အစွမ်းတေက ပျောက်ဆုံးသွားတဲ့ မျိုးနွယ်စုသုံးစုထဲကတစ်ခုဖြစ်တဲ့'ယန်'မျိုးနွယ်ရဲ့စွမ်းအင်တေနဲ့တူတူပဲ သူတို့လည်းspellသုံးတယ် သူတို့မျိုးနွယ်ပျောက်ကွယ်သွားတော့ spellသုံးတဲ့သူတေမရှိတော့ဘူး...မင်းတစ်ယောက်ပဲspellသုံးနိုင်တာ"
"အက်တော့မင်းပြောချင်တာငါက'ယန်' မျိုးနွယ်ဝင်ပေါ့.."
"အင်း ဖြစ်နိုင်တယ်ပြီးတော့...."
"ပြီးတော့ဘာဖြစ်လဲ"
"မင်းအဖျက်စွမ်းအင်လည်းရှိတယ်မလား..."
"အဖျက်စွမ်းအင်??"
"အင်း...ဟိုကွာ မီးစွမ်းအင်ရှိတယ်မလားလို့"
"မီးစွမ်းအင်ကအဖျက်စွမ်းအင်တဲ့လား....အင်း.. ငါမီးစွမ်းအင်ဖြစ်တဲ့spellကိုတော့ကောင်းကောင်းသုံးနိုင်တယ် တခြားspellတေသာမသိတာ...အက်တာဘာဖြစ်လို့လဲ"
"ငါ့အထင် မင်းကspellနဲ့မီးစွမ်းအင်ကိုဖန်တီးနိုင်တာမဟုတ်ဘူး...မင်းမှာရှိပြီးသားမီးစွမ်းအင်ကိုspellနဲ့ထိန်းချုပ်တာဖြစ်နိုင်တယ် ပြီးတော့'ယန်'မျိုးနွယ်တေသုံးတဲ့spellထဲမှာ 'မီး'ကိုဖန်တီးတဲ့spellမပါဘူး"
"ဟုတ်လား ငါကိုယ်တိုင်တောင်ဘာမှမသိရပါ့လား"
"အင်း ငါအရင်တစ်လောကမျိုးနွယ်စုတေအကြောင်းစာအုပ်ဖတ်ထားတာ အက်တာကြောင့်သိတာ...ပြီးတော့အက်ဒီအဖျက်စွမ်းအင်ကိုသုံးခဲ့တဲ့မျိုးနွယ်စုတစ်ခုကိုအကြောင်းကိုလည်းဖတ်ခဲ့တယ်..."
"ဘယ်လို..."
".မင်းသုံးတဲ့စွမ်းအင်တိုင်းက ပျောက်ကွယ်သွားတဲ့မျိုးနွယ်စုတွေသုံးတဲ့စွမ်းအင်တေချည်းပဲ..."
"အက်တော့အဖျက်စွမ်းအင်သုံးနိုင်တဲ့ မျိုးနွယ်ကလည်းပျောက်ကွယ်သွားပြီပေါ့ ဘယ်မျိုးနွယ်လဲ.."

YOU ARE READING
That means love
Fanfictionဘယ်သူထင်မှာလဲ ကျွန်တော့်ရဲ့ရိုးရှင်းတဲ့ဘဝထဲကို သဘာဝလွန်ဖြစ်ရပ်တေနဲ့လူတစ်ယောက်ဝင်လာပြီး နှလုံးသားထဲထိနေရာယူသွားလိမ့်မယ်လို့ #yoonkook