Jiminတစ်ယောက်မနက်၈ခွဲလောက်မှာအိပ်ယာကနိုးလာသည်
ညကTVကြည့်ရင်းဆိုဖာပေါ်မှာခွေခေါက်ကာအိပ်ပျော်သွားတာကြောင့် တစ်ကိုယ်လုံးနာနေသည် ခန္ဓာကိုယ်ကိုဘယ်လှည့်ညာလှည့်လုပ်ရင်း ဘေးဘီကိုကြည့်မိတော့ jungkook ကမရှိ..ပုံမှန်ဒီအချိန်ဆိုရင် လေ့ကျင့်ခန်းလုပ်ရာကပြန်လာလို့ မီးဖိုချောင်ထဲမှာမနက်စာထိုင်စားနေကြ...အခန်းထဲမှာ gameဆော့နေမလားအထင်နဲ့ သူ့အိပ်ခန်းထဲဝင်ကြည့်တော့လည်းမရှိ...ဘယ်တေများသွားနေပါလိမ့်...
အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီး မီးဖိုချောင်ထဲဝင်ကာ ရေခဲသေတ္တာထဲကလက်ကျန်ကိတ်မုန့်လေးကိုထုတ်စားနေလိုက်သည်...ဒီကောင်က သူဌေးသားသာပြောတယ် ရေခဲသေတ္တာထဲမှာ အဆင်သင့်စားစရာဘာမှရှိတာမဟုတ်ဘူး ကိုယ်ကိုယ်တိုင်ကလဲသူ့အိမ်ကပ်နေနေရတာဆိုတော့ ရှိတာလေးနဲ့ပဲဖြေသိမ့်ရတာပေါ့...jungkookကိုယ်တိုင်ကလဲ အစားသိပ်စားတဲ့သူမဟုတ်တော့ပိုဆိုးတာပေါ့...ဒါမဲ့ခုတလော jungkook အစားစားတယ်ဆိုတာမတွေ့ရသလောက်ပဲ မတည်ငြိမ်သေးတဲ့ ခန္ဓာကိုယ်နဲ့ဝိဉာဉ်ကြောင့်လားမသိ ကျွန်တော့်ကိုလဲ တော်ရုံဆိုစကားလုံးဝမပြော...ကျွန်တော့်ဘက်ကစကားစပြောမှ သူ့ဘက်ကပြန်ဖြေတာလောက်သာလုပ်သည်... အိမ်မှာနေရင်းလဲ စိတ်နဲ့လူနဲ့မကပ်သလို တမိုင်မိုင်တတွေတွေနဲ့...သူ့ရုပ်နဲ့ခန္ဓာကိုယ်ကြောင့်သာ jungkookဆိုတာသိနေပေမယ့် အပြုအမူတေကတော့ တခြားတစ်ယောက်လိုပြောင်းလဲသွားသည်...အရင်အတိုင်းမြန်မြန်ကြန်ဖြစ်ရင်ကောင်းမှာပဲ...
မနက်စာစားပြီး အလုပ်ခေါ်တဲ့ဂျာနယ်လေးဖတ်နေတုန်း နာရီကြည့်မိတော့ ၁၀နာရီတောင်ထိုးတော့မည်...မြန်လိုက်တာ...ခုထိ jungkookကပြန်မလာသေး...ပုံမှန်ဆို ၆ခွဲ၇နာရီလောက်ဆိုပြန်ရောက်နေကျသူက ခုထိပြန်မလာသေး....လမ်းမှာတစ်ခုခုများဖြစ်နေမလား မသိတာကြောင့် jungkook ကိုလိုက်ရှာဖို့ထွက်ခဲ့သည်...'ကျောင်းကဘောလုံးကွင်းထဲမှာ လေ့ကျင့်ခန်းသွားလုပ်မလို့'ဟုပြောဖူးတာကြောင့် မရောက်တာကြာပြီဖြစ်တဲ့ ကျောင်းတော်ကြီးဆီကိုသာ ဦးတည်သွားလိုက်သည်။
****
ဒီနေ့လည်းပုံမှန်အတိုင်း ဘောလုံးကွင်းထဲမှာပဲလေ့ကျင့်ခန်းလုပ်ဖြစ်ခဲ့သည် ဒါမဲ့ဒီနေ့တော့ထူးထူးခြားခြား ကျွန်တော့်အပြင်တခြားတစ်ယောက်ပါရှိနေသည်....သူ့ကိုသေချာပေါက်မှတ်မိပါတယ်...အရင်တစ်ပတ်ကလမ်းမှာတွေ့ဖူးတဲ့သူ အရပ်ရှည်ရှည်ဗလတောင့်တောင့်နဲ့လူ...သူကတော့ဘောလုံးကွင်းထောင့်စွန်းနားမှာပဲ တစ်ချိန်လုံးရှိနေခဲ့သည်...ကျွန်တော်လေ့ကျင့်ခန်းလုပ်ပြီးပြန်လာသည့်တိုင်အောင် သူကတော့ထိုနေရာကနေ ကျွန်တော့်ကိုလှမ်းကြည့်နေခဲ့တယ်...ကြောင်တောင်တောင်လူပဲဟုမှတ်ယူကာ လျစ်လျူရှုခဲ့လိုက်သည်...
YOU ARE READING
That means love
Fanficဘယ်သူထင်မှာလဲ ကျွန်တော့်ရဲ့ရိုးရှင်းတဲ့ဘဝထဲကို သဘာဝလွန်ဖြစ်ရပ်တေနဲ့လူတစ်ယောက်ဝင်လာပြီး နှလုံးသားထဲထိနေရာယူသွားလိမ့်မယ်လို့ #yoonkook