Part-16

819 121 7
                                    

Zawgi

Jungkookဆီကအဖြေရပြီးနောက်ပိုင်း အရင်လိုသူ့အနားမှာအမြဲလိုက်နေလို့မရတော့ဘူး သူကလည်းစာမေးပွဲနဲ့ ကျွန်တော်ကလည်းရှေ့ဖြစ်ဟောကိစ္စနဲ့အလုပ်ရှုပ်နေတာ သူခေါ်တဲ့အချိန်တိုင်းတော့သွားခဲ့ပေမယ့် အရင်လိုဘေးနားကနေလိုက်ချောင်းဖို့အချိန်မရှိသေးဘူး ရှေ့ဖြစ်ဟောကလည်း jungkook စာမေးပွဲပြီးနောက်တစ်ပါတ်ဆိုတော့ မလိုတော့ဘူးလေ ခုထိအမှောင်သခင်ဘက်ကစစ်ပွဲမသေးဘူးဆိုတော့ သူဘာတေကြံနေမှန်းမသိရဘူး ဒီတိုင်းရှေ့ဖြစ်ဟောကိုရောက်လာဖို့စောင့်နေတာလည်းမဖြစ်နိုင်ဘူး သူလားအမှောင်သခင့်နေရာကနေအလွယ်တကူဖယ်ပေးမှာ ရှေ့ဖြစ်ဟောရင်နီးကပ်လာတော့မှစစ်ပွဲစဖို့စီစဉ်ထားတာလည်းဖြစ်နိုင်တာပဲ အဲ့တာကြောင့်အဘက်ဘက်အဆင်သင့်ဖြစ်အောင်စီစဉ်နေတဲ့ hoseok နဲ့ taehyung ကိုကူညီပေးနေရတာနဲ့အလုပ်ရှုပ်နေခဲ့တာ
ခုဆိုjungkookစာမေးပွဲဖြေနေတာသုံးရက်မြှောက်နေ့တောင်ရောက်ပြီ ဒီနေ့တော့ သူ့နောက်လိုက်ဦးမယ်ဆုံးဖြတ်ပြီး နေ့လည် hoseokဆီကပြန်တာနဲ့ jungkookဆီသွားလိုက်တယ် အရင်ဆုံးကျောင်းထဲဝင်ရှာကြည့်တော့လည်းမရှိဘူး စာမေးပွဲပြီးလို့ပြန်သွားတာလားမသိ သူနေတဲ့တိုက်ခန်းကိုလိုက်သွားပြီးတံခါးခေါက်လိုက်တော့..

"အော်yoongi hyung..jungkookကိုလာတွေ့တာလား"

"ဟုတ်တယ်jiminသူရှိလား"

"ရှိတယ်hyungအခန်းထဲမှာ ကျောင်းကပြန်လာကတည်းကအခန်းထဲကမထွက်သေးဘူး သွားကြည့်လိုက်လေhyung"

"omm.."

jungkookနဲ့အတူတူနေတဲ့jiminကိုတော့ခနခနတွေ့နေတာမို့ရင်းနှီးနေပါပြီ ဒီကောင်လေးကလည်းတကယ်ခင်ဖို့ကောင်းတဲ့ကောင်လေးပါ jiminပြောတဲ့ကျောင်းကပြန်လာကတည်းကအပြင်မထွက်မထွက်ဘူးဆိုတာကိုကြားရတော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ် အရင်ကဆို စာမေးပွဲဖြေပြီးတာနဲ့ ချယ်ရီပင်အောက်တန်းလာပြီး ကျွန်တော့်ကိုခေါ်နေကြ အခုဘာလို့များပါလိမ့် စာမေးပွဲများမဖြေနိုင်လို့လား...

jiminပြောသလိုjungkookအခန်းကိုသွားလိုက်တယ် အခန်းတံခါးမဖွင့်ခင်ရလိုက်တဲ့ရင်းနှီးနေတဲ့အငွေ့အသက်တစ်ခုကြောင့်မျက်မှောင်ကြုတ်လိုက်မိတယ် ဘာလို့အမှောင်နံ့တေရနေရတာလည်း စိုးရိမ်တကြီးတံခါးကိုဖွင့်လိုက်တော့ အခန်းထဲမှာရှိနေတာက jungkookမဟုတ် တစ်လောကလုံးမှာကျွန်တော်အမြင်ကတ်ဆုံးသူ...အမှောင်သခင်

That means loveWhere stories live. Discover now