Part-6

980 121 1
                                    


နှင်းတေကျနေတဲ့ christmas ညမှာ မိသားစုတစ်ခုဟာ ပျော်ပျော်ရွင်ရွင် လမ်းလျှောက်နေကြတယ် ဘေးပတ်ပတ်လည်မှာ မာကြူရီမီးလုံးလေးတေနဲ့ အလှဆင်ထားတဲ့ လျှောက်လမ်းလေးမှာပေါ့ အဖေဖြစ်သူက လေးနှစ်အရွယ်သမီးလေးကို ရင်ခွင်မှာပိုက်လို့ အနွေးဓာတ်ပေးရင်း ဇနီးဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ထားပေးတယ် အလှဆင်ထားတဲ့ christmas trees တေ ရောင်စုံမီးလေးတေ နဲ့အလှဆင်ထားတဲ့အိမ်လေးတေ Senta ဝတ်စုံနဲ့ လက်ဆောင်ထုတ်ကြီး ထမ်းထားတဲ့ လူသားတေရယ် မြင်သမျှကသူတို့ အတွက်တော့ အထူးအဆန်းဖြစ်လို့ပေါ့

"မိန်းမရေပြန်ကြရအောင် သမီးလေးချမ်းနေပြီ"

ဒီလိုနဲ့ပဲ သူတို့ရဲ့မထမဆုံးchristmas ညကိုအဆုံးသတ်ဖို့ hotel ပြန်သွားကြတယ် အပြန်လမ်းမှာတော့ ခုနကနေရာတေလို လင်းထိန်မနေပဲ မီးရောင်ဖျော့ဖျော့နဲ့ လမ်းဘေးမီးတိုင်တေကပဲ မလင်းချင်လင်းချင်နဲ့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး လူသူကင်းမဲ့နေလေရဲ့

ရုတ်တရက်လမ်းကြားထဲကနေ လူလေးယောက်ထွက်လာပြီး ပျော်ပျော်ရွင်ရွင် လမ်းလျောက်လာတဲ့ မိသားစုသုံးယောက်ကို ချောင်ကျတဲ့ လမ်းကြားတစ်နေရာကို ဆွဲခေါ်သွားလေသည် အဖေဖြစ်သူက ခုခံတော့ မိန်းမနဲ့ကလေး ကိုသတ်ပြစ်မည် ခြိမ်းခြောက်သည်...
သူတို့မျှော်လင့်ထားတဲ့ လူသားတေကဒီလိုမဟုတ်ဘူးလေ.....

ခုတော့သူတို့မှာပါလာသမျှ ပစ္စည်းတေထုတ်ဖို့ပြောသည် ဘာမှမပါဘူးပြောတာကြောင့်ရိုက်နှက်သည် လေးနှစ်သမီးလေးကတော့ သူ့ရဲ့မိဘနှစ်ပါး ရက်ရက်စက်စက် ရိုက်နှက်ခံနေရတာကို မျက်စိရှေ့မှာ သေသေချာချာ ကြည့်နေရသည် လမ်းဘေးမီးတစ်ခါ လင်းလာတိုင်း မြင်ရတဲ့မြင်ကွင်းက ခြောက်ခြားဖွယ်ရာ.... သွေးများစွန်းလျက် ချစ်ရတဲ့သူနှစ်ဦး....အားရပါးရရယ်မောနေတဲ့ လူသားတေရဲ့ ရယ်သံကပျံ့လွင့်လျက်....မြင်ကွင်းအစုံက ကလေးငယ်တစ်ယောက်အတွက် ကြောက်မက်ဖွယ်ရာအိမ်မက်ဆိုးတစ်ခုလို....အဖြစ်အပျက်ကိုနားမလည်ပေမဲ့ မြင်ရတဲ့မြင်ကွင်း ကြားရတဲ့ အသံတေက ကလေးငယ်ရဲ့ အနက်ရှိုင်းဆုံး စိတ်တစ်နေရာမှာ သံမှိုတစ်ခုလို ရိုက်သွင်းခံလိုက်ရပြီ....လူသားတေကတော့ ကျေနပ်နေလေရဲ့....မေ့မြောသွားတဲ့ကလေးငယ် ကိုတော့အနီးနားက မြောင်းထဲ သေသေရှင်ရှင်ပစ်ထားလိုက်ကြတယ်.........
.
.
.
.
.
.
.
.
မေမေ....သမီး မေမေတို့ဆီပြန်လာလို့ ရပြီထင်တယ်.....ဟုတ်တယ်သမီးလည်း လူသားကြောင့်ပဲသေရတော့မှာ.....ဟက်... လောကကြီးကမတရားဘူးနော် ရက်စက်ကြမ်းကြုတ်တဲ့လူသားတေကို ကာကွယ်ပေးနေကြယ်တဲ့ အက်လူသားတေက သူတို့ကိုဒုက္ခပေးလာတဲ့ အချိန်ကျမှ နောင်တရကြလိမ့်မယ်နဲ့တူတယ် အဟက်...အဟား...ဟား... ဟား... ဟား.....အက်လူသားတေကို ကာကွယ်ပေးရင်းပဲ သေလိုက်ကြပေါ့ ဟား...
ဟား....ဟား....ဟား....
.
.
.
.
.
<that's mina's pov>👆👆👆

That means loveWhere stories live. Discover now