Part 1

7.1K 229 2
                                    

Unicode Version

ဆောင်းကိုချစ်တယ်။ ဒါပေမယ့် ကြောက်တယ်။ အအေးဓါဏ်မခံနိုင်တဲ့သူမအတွက်ကတော့ တောင်ကြီးတန်ဆောင်တိုင်ဆိုရင် လည်ချင်တာတောင် မလည်ရတဲ့ ဘဝပါ။

အခုလိုမိုးရာသီဆိုရင်တောင် မိုးလေးနည်းနည်းမိတာနဲ့ ဖျားချင်ပြီ။ စက်တင်ဘာမိုးနှောင်းကာလ ။

ငွေကြေးစီမံခန့်ခွှဲဌာန မန်နေဂျာတစ်ယောက်ဖြစ်တဲ့ မြူလင်းနေ။

အနက်ရောင်ဆံပင်ထူထူများက ဆက်ဖြောင့်ဆွဲ ရန်မလိူ။ အလိုလိုဆင်းကျနေသည်။မျက်ခုံးထူထူ။နှာတံစင်းစင်းနှင့် မျက်ဝန်းနက်နက်။ မျက်ရစ်နှစ်ထပ်နှင့်။

ပြုံးရောင်သန်းနေတဲ့နူတ်ခမ်းနှစ်လွာရဲ့ မထူမပါး။နဖူးမကျဉ်းမကျယ်။မျက်နှာအသွင်က ခပ်သွယ်သွယ်။

မိုးရိပ်ကြောင့်နေရောင်နုနေသည်။ ကုမ္ပဏီက ပို့လာတဲ့ report များကိုစစ်ဆေးနေသည်။

စီစစ်ရွေးချယ်ထားနဲ့ Project များကကစစ်ဆေးပြီးသားဆိုပေမ။့် သူမ ပြန်လည်စစ်ဆေးတက်သည်။

သူမ လက်မှတ်ထိုးရမည့် report တွေကို လက်မှတ်ထိုးရင်း။
"ပေါက်"

"ဟင်" သူမစာရွက်တွေပေါ်  ရေတပေါက်။ ချက်ချင်းမေါ့ကြည့်လိုက်သည်။တိမ်ရိပ်ပါးပါးကနေ မိုးစက်များကျလာတော့

ချက်ချင်းဘာလုပ်လိုက်ရမလဲ မသိ။ မျက်လုံးကချက်ချင်း ထီးရိပ်အောက်ကိုမြင်ပေမယ့် သူမ။

"မမလင်း..." သူမတို့အိမ်ရဲ့အိမ်အကူစုစု။ ချက်ချင်းသူမဆီပြေးလာပြီး

"မမလင်း။မိုးရွာနေတာ..." စာရွက်တွေကိုအမြန်သိမ်းပေးပြီးသူမပေါင်ပေါ်တင်ပေးပြီး သူမထိုင်နေတဲ့Wheel chair ကို ထောက်ဖြူတ်ပြီး ချက်ချင်းလှည့်တွန်းက အိမ်ဘက်ကိုအပြေး ။

မိုးသည်းချချိန် ကပ်သီးလေး  လွတ်သွားတာ။

"တော်သေးတာပေါ့။  စုစုရောက်လာလို့ မဟုတ်ရင် ဒါတွေကော ကျွန်မကော မိုးစိုတော့မှာ"

စုစုက သူမလက်ထဲ စာရွက်စာတမ်း။ဖိုင်တွေကို ဧည့်ခန်းဆိုဖာပေါ်ခဏချလိုက်ပြီး

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now