Part 7

2.1K 127 0
                                    

Unicode version

🌺ကျွန်တော်..ချစ်တဲ့..မ🌺

အပိုင်း-၇

"စုစု။ မမ‌ အခြေအနေ ဘာကြားသေးလဲ"

"မထူးခြားပါဘူး။ မမဝေ".
ထူးခြားနာပေါ့။ အရင်ရက်တွေက အိမ်ရှေ့မှာ အမုန်းရဲ့ကားကိုအမြဲတမ်းတွေ့တယ်။ဒီမနက်မတွေ့ဘူး။ အခုထိပေါ်မလာဘူ။ မမ နေရာသိသွားတာများလား။

မဖြစ်နိုင်ပါဘူး။ စုံစမ်းနေတာဖြစ်နိုင်တယ်။

"စုစု။ ဦးကျော်မြင့်ကို ခေါ်လာပေး"

"ဟူတ်ကဲ့။" ဧည့်ခန်းထဲမှာ ထိုင်နေပေမယ့်ရတက်မအေး။

သူမမရတာကို ဘယ်သူမှ မရစေရဘူး။ စုစု ကားဒရိုက်ဘာ ဦးကျော်မြင့်ကို ခေါ်လာသည်။

"မမဝေ"

"အင်း။ ဒီရက်တွေမှာ။ အမုန်းလာရှာသေးလား"

"အမုန်းဆိုတာက.."

"ကျွန်မ နဲ့တွဲနေတဲ့တစ်ယောက်လေ။လာလာကြိုနေတဲ့တစ်ယောက်"

"မလာပါဘူး။မမဝေ"

ဆိုတော့ ခတ္တာ ဝေ စိတ်နည်းနည်းရှင်းသွားသည်။သို့ပေမာ့်

"သူလာရှာရင်  မမ နေရာကိုမသိစေနဲ့နော်။ သူသိသွားလို့မဖြစ်ဘူး"..

"ဟုတ်ကဲ့ပါ။ မမဝေ"

ခတ္တာ ဝေ သက်ပြင်းချလိုက်သည်။ တော်သေးတာပေါ့ အချိန်မှီသေးတယ်။ ဒါဆိုရင်တော့ အမုန်းနဲ့မမကိစ္စရှင်းပြီ။

မမကိုသူမမုန်းပါဘူး။ သူမ ဂျပန်ကပြန်လာပြီးတော့ ပြောင်းလဲသွားတယ်လို့မေမေပြောတယ်။ ဒါ တမင် စွပ်စွဲပြစ်တင်တယ်လို့လဲ ယူဆသည်။

ဘာကြောင့်လဲ ဆိုတော့ မမ ကို အနိုင်ယူတာလေးတစ်ခုကလွဲရင် မမအကေါ် ဘာမှ လုပ်ခဲ့တာ မရှိ။

ထို့ကြောင့် မေမေ သူ့ကိုဉပက္ခာပြုတယ်။ မမကိုပိုအလေးပေးလာတယ်။ ခြောက်နှစ်ပဲကွာတယ်ဆိုပေမယ့် အသည်းပေါက်ဆုံးက

"ဝေ့ကိုလိုချင်ပါတယ်။ 5star ဟိုတယ်ပိုင်ရှင်ရဲ့သား။ ဝေ့ကို လက်ထပ်ချင်ပါတယ်ဆိုတာကို မမနဲ့အတင်းစီစဉ်တယ်။ မမကငြင်းချလိုက်တေည့ မင်္ဂလာပွဲ ပျက်ရော။

ကျွန်တော်ချစ်တဲ့မWhere stories live. Discover now