Unicode version
🌺ကျွန်တော်ချစ်တဲ့ ...မ🌺
အပိုင်း-၅
"hello hello everybody. မင်္ဂလာညချမ်းလေးပါခင်ဗျ"
မြူးကြွတဲ့ DJ remix သံစဉ်များထဲမှာ အစီအစဉ်တင်ဆက်သူ အသော်ရဲ့ အသံက sound box ကနေ ဟိန်းထွက်လာသည်။
"အားလုံးပျော်ကြရဲ့လား"
"ပျော်ပါတယ်"
"Ok.ပျော်ကြမယ်။ကဲကြမယ်။ "
အမုန်း တိတ်ဆိတ်စွာထိုင်နေသည်။ စိတ်မကြည်တာပါ
"အခု အစီအစဉ်ကို တိုက်ရိုက် Live ထုတ်လွင့်နေတာဖြစ်ပါတယ်"
အမုန်း ဘေးနားက ခတ္တာကိုလှည့်ကြည့်လိုက်သည်။ အရမ်းပျော်ေနပုံပဲ။
သိပ်မကြာတော့ပါဘူး။ ငါတို့တွေ ကိုယ့်လမ်းကိုယ်လျှောက်ရတော့မှာ။ အရှေ့မှာချထားတဲ့ရမ် ပုလင်းကိုဖွင့်ဖောက်ပြီး ဖန်ခွက်ထဲ ထည့်ပြီးမော့သောက်လိုက်သည်။
တဆက်တည်း DJ သံစဉ်များထပ်မံပျံ့လွင့်လာသည်။
"ဒါကတော့ကျွန်တော့်တို့ရဲ့DJ မမ ယွန်း ပဲဖြစ်ပါတယ်ခင်ဗျ"
ရှည်လိုက်တာ။မြန်မြန်စတာမဟုတ်ဘူး။ ထိုစဉ် ခတ္တာရဲ့ လက်တစ်ဖက်က သူရဲ့ ညာလက်ကိုအုပ်မိုးလာသည်။ ချက်ချင်းရုန်းဖယ်မိမလိုဖြစ်သွားပေမယ့် သူ စိတ်ထိန်းလိုက်သည်။
"မမနဲ့ သိတာကြာပြီလား" သူနား အနားကိုတိုးကပ်လာပြီးပြောလာသည်။ အမုန်းသေချာကြားပေမယ့် မကြားသလိုနဲ့။ သူမလက်ကိုဆွဲပြီး ထွက်လာသည်။
သူတို့ထွက်သွားမြင်တဲ့အသော်က လှမ်းတားချင်ပေမယ့် အမုနိးလက်ကာပြလိုက်သည်။ ဘယ်မှ မဟူတ်ပါဘူး။ သန့်စင်ခန်းကိုပါ။
သန့်စင်ခန်းမှာ အသံနည်းနည်းလုံတာဆိုတော့
"စောစောက ကိုယ့်ကိုဘာပြောတာလဲ"
ခတ္တာက ပြုံးလိုက်သည်
"မမ ပြောတာ။ သူနဲ့သိတာကြာပြီလားလို့"
အမုန်းက လက်ဆေးဘေဇင်ရှိတဲ့ slab ပေါ်ထိုင်ချလိုက်ပြီး။
"အင်း. ပန်းပို့ရင်းတွေ့တာ ဘာလို့လဲ"
YOU ARE READING
ကျွန်တော်ချစ်တဲ့မ
RomanceTom တစ်ယောက်ရဲ့ကလဲ့စားချေချင်တဲ့စိတ်ထက် တစ်စုံတစ်ယောက်ကို ပိုပြီးအလေးထားလာခဲ့တယ်။ ခက်တာက ကလဲ့စားချေခံရမယ့်သူရဲ့အမ ဖြစ်နေတာပဲ Creative of A Lin kway Ka. Own Creation.